၈၂၃။ သေဖို့ မတောင်းဆိုနဲ့ (၆)
နာကျင်သဖြင့် အော်လိုက်ခြင်းက ဇောင်းရွှမ်၏ ပါးစပ်မှ ထွက်မလာချေ။ ကျောက်ချူက ဇောင်းရွှမ်၏ ပါးစပ်ကို လက်ဖြင့် ပိတ်ဆို့ထားပြီး ဖြစ်သည်။ ဇောင်းရွှမ်၏ မျက်နှာက မချိမဆန့် နာကျင်ခြင်းကြောင့် နီရဲတွတ်လာသည်။
နောက်တစ်ကြိမ် မေးရအောင် မလုပ်နဲ့ ဂျန်ဝုရှီက ဇောင်းရွှမ်ကို ကြည့်လိုက်သည်။ ဇောင်းရွှမ်ကို သူမ နည်းနည်းလေးပင် သနားစိတ် မရှိပေ။ သူမမျက်လုံးများက ကြောက်စရာကောင်းသော အေးစက်ခြင်းဖြင့် ပြည့်နှက်နေလေ၏။
ကျောက်ချူက ဖြည်းဖြည်းချင်း သူ့လက်ကို လွှတ်ပေးလိုက်သည်။ သို့သော် သူ့ပခုံးကို ဆုပ်ကိုင်ထားသော လက်က အသင့်ပြင်ထားသည်။ သူ့လည်ပင်းနားမှာ ရစ်သီရစ်သီ လုပ်နေသည်။ လက်ချောင်းများကို ဆန့်ထုတ်ထားသည်။ ကျောက်ချူက သူ့အင်အား အနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် သူ့လည်ပင်းကို လွယ်လွယ်ကူကူ ချိုးပစ်နိုင်ကြောင်း ဇောင်းရွှမ် သိလိုက်သည်။
ဇောင်းရွှမ်က ဒီလိုမျိုး အခြိမ်းခြောက်ကို တစ်ခါမျှ မခံခဲ့ရဖူးပေ။ သူက သာမန်ကျောင်းတော်မှ တပည့်တစ်ယောက်သာ ဖြစ်သည်။ သူတို့လို သာမန်ကျောင်းတော်သားများက သူတို့ တိုက်ပွဲများကို ဟန်ပြသာ တိုက်ပြီး မိတ်ဆွေဖွဲ့ရိုးသာ ထုံးစံရှိကြသည်။ ကနေ့က သူ့အတွက် သေခြင်းတရားနှင့် အနီးစပ်ဆုံး ဖြစ်သွားသလို ပထမဆုံးအကြိမ် သူ ခံစားမိလိုက်သည်။
သူက ထိုင်ခုံပေါ်မှာ ဖြောင့်မတ်စွာ ထိုင်နေသော ဂျန်ရှီကို ကြည့်လျက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူ့နှလုံးသားထဲမှ အထင်သေးခြင်း အမျှင်စက ကြောက်ရွံ့ခြင်းသို့ လျင်မြန်စွာ ပြောင်းလဲသွားလေ၏။ ကျောင်းတော်အားလုံးရှိ လူတိုင်းက စက်ဆုပ်ရွံရှာဖွယ်လူသားအနေဖြင့် အဆင့်သတ်မှတ်ထားသော, လိပ်ပြာတိုက်ပွဲတွင် အဆင့်တက်ဖို့ အိမ်ရှေ့စံကိုသာ လုံးလုံး အားကိုးအားထား လုပ်နေသော ကောင်လေးတစ်ယောက်က ဒီလောက် ကြမ်းကြုတ်ရက်စက်နိုင်မှန်း သူ အိပ်မက်ပင် မမက်ဖူးပေ။
မင်း.... မင်း ငါ့ဆီကနေ ဘာလိုချင်တာလဲ၊ ဒီနေရာက ဟွဝမ်ကျောင်းတော်သားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာ၊ မင်း ငါ့ကို ဒီနေရာမှာ သတ်ရဲလို့လား၊ မင်းတို့ တကယ် လုပ်ရဲရင်, မနက်ဖြန် ပြိုင်ပွဲမှာ ပိုဆိုးသွားလိမ့်မယ် ကြောက်ရွံ့ခြင်းကြောင့် ဇောင်းရွှမ်၏ ခန္ဓာကိုယ်က အေးစက်လို့ လာသည်။ သို့သော် သူက အမှန်ကို မပြောရဲသေးပေ။ သူသာ အမှန်တရားကို တစ်ခွန်းတလေ ပြောမိခဲ့လျှင်, ဂျန်ရှီက သူ့အသက်ကို လွှတ်ပေးလိုက်လျှင်ပင်, သခင်ကြီးက သူ့ကို ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ပေ။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)