၈၈၂။ နန်းတွင်း ညစာစားပွဲ(၁)

213 21 0
                                    

၈၈၂။ နန်းတွင်း ညစာစားပွဲ(၁)

ညဘက်ပိုင်း ရောက်လာပြီမို့ နေပြည်တော်တစ်ခွင် မီးရောင်များ လင်းလက်နေလေ၏။ မီးအလင်းရောင်များက မျက်စိဖမ်းစားနိုင်စွမ်းရှိပြီး မြို့တော်၏ အမှောင်ထုကို တွန်းလှန်နေသည်။

လေညင်းကျောင်းတော်၏ မြင်းဆွဲရထားလုံးများက ထာဝရအမိုးခုံးတည်းခိုအိမ်မှ ထွက်ခွာလာပြီး နန်းတော်၏ ဂိတ်ပေါက်ဝသို့ တရွေ့ရွေ့ ထွက်ခွာလာသည်။

သူတို့ရထားလုံးများ လမ်းမ‌ပေါ်သို့ ဖြတ်သန်းသွားလာသည်နှင့် မြို့တော်မှ မထွက်ခွာကြသေးသော ကျောင်းတော်အသီးသီးမှ လူငယ်များက လှမ်းမျှော်ကြည့်ကြသည်။ လိပ်ပြာတိုက်ပွဲမစတင်ခင်တုန်းက ကျရှုံးနေသော လေညင်းကျောင်းတော်က ဒီလို အံ့အားသင့်ဖွယ် စွမ်းအားမျိုး ပြသနိုင်မည်ဟု မည်သူမျှ မှတ်ထင်မထားကြချေ။ လေညင်းကျောင်း‌တော်၏ ဂုဏ်သတင်းက ကျဆင်းရမည့်အစား တိုးတက်လို့ပင် လာသည်။ လေညင်းကျောင်း‌တော်၏ တိုးတက်သွားခြင်းကြောင့် စစ်တံခွန်ကျောင်းတော်နှင့် နဂါးသတ်ကျောင်းတော်တို့ထက် သာလွန်သွားပြီဆိုသည့် ခံစားချက် ဖျော့ဖျော့ကို လူတိုင်း ရရှိနေကြသည်။ ထိပ်တန်းကျောင်းတော်များ ဖြစ်သဖြင့် ထိပ်တန်းနေရာကို သူတို့က အပြည့်အဝ ရယူဖို့ အသင့်ဖြစ်ခဲ့ကြသည်။

နန်း‌တော်ကား မီးတိုင်များ ဆွဲချိတ်ထားပြီး ရောင်စုံအလံတံခွန်များ လွှင့်တင်ထားသည်။ ဒီနှစ် လိပ်ပြာတိုက်ပွဲမှ ထိပ်တန်းအဆင့် ပါရမီရှင်ဆယ်ယောက်ကို ကြိုဆိုရန် အသင့် ပြင်ထားသည်။ နေရာတိုင်းကို ပျော်စရာကောင်းအောင် ပြင်ဆင်ထားသည်။

တခြားကျောင်းတော်များမှ မြင်းဆွဲရထားလုံးများ နန်း‌တော်၏ ဂိတ်တံခါးရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ထိပ်တန်းဆယ်နေရာတွင် ခြောက်နေရာကို လေညင်းကျောင်းတော်က ရယူသွားပြီး စစ်တံခွန်ကျောင်းတော်နှင့် နဂါးသတ်ကျောင်းတော်က နှစ်နေရာစီ ရယူထားကြသည်။ လူငယ်ဆယ်ယောက်စလုံးက တစ်ပြိုင်နက်တည်းလိုလို နန်းတော်ဂိတ်တံခါးရှေ့သို့ ရောက်ရှိလာကြ၏။

တခြားကျောင်း‌တော်နှစ်ခုမှ တပည့်များက တန်ဖိုးကြီး အဝတ်အစားများကို ပျံလန်အေင် ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး ညကောင်းကင်ယံ၏ ‌အောက်တွင် ရပ်နေကြသည်။ သူတို့က ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့၍ ရပ်နေကြ၏။ သူတို့၏ မျက်လုံးများက တလက်လက်ဖြင့် ဆွဲငင်အားကောင်းနေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now