၇၀၆။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၅)

435 41 1
                                    

၇၀၆။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၅)

ဂုယင်နှင့် နင်ရူက ဂျန်ဝုရှီ ဒီလိုမျိုး တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားကြချေ။ သူတို့ နှလုံးသားထဲမှ မြင်ချင်သော မြင်ကွင်းက ပေါ်ပေါက်မလာခဲ့ချေ။

ဂုယင်က အနည်းငယ် စိတ်ပျက်သွားပြီး မတ်တပ်ရပ်လိုက်သည်။ နင်ရူကို သူ ပြောလိုက်သည် ခင်ဗျားရဲ့ အငြိုးအတေး ဟာသလုပ်ရပ်က နောက်ဆုံးတော့လည်း အသုံးမဝင်ပါလား။ ထိုသို့ ပြောပြီးနောက် ဂုယင်က ချက်ချင်းပင် ဂျန်ဝုရှီသို့ အမှီလိုက်သွားသည်။

နင်ရူ၏ မျက်နှာက ဒေါသကြောင့် ကိုးရိုးကားယားဖြစ်ကာ ရှုံ့မဲ့သွားသည်။ နှုတ်ခမ်းများက တဆတ်ဆတ် တွန့်ကွေးကျန်ခဲ့သည်။ သူ ရုတ်ချည်းပင် ထရပ်၍ စားပွဲတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ လှန်ပစ်လိုက်သည်။ ဟင်းခွက်များက ဖန်ဂျင်အပေါ်သို့ ဖိတ်ကျကုန်သည်။

ဖန်ဂျင်က ကြမ်းပြင်ပေါ်မှာ ပုံလျက်သား လဲနေသည်။ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေလေ၏။

သူ့ကို ပြန်ခေါ်သွားတော့, သူ့ကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်အစားပါ လဲပေးဖို့ မမေ့နဲ့၊ ဝမ်ရှင်းဟန် ဘာမှ သတိမပြုမိအောင် လုပ်ထား နင်ရူက အံကြိတ်၍ ဟိန်းဟောက်လိုက်သည်။

ဂုန်ချန်းလီက တွန့်ခနဲ ဖြစ်သွားသည်။ သို့သော် သူ အလျင်အမြန် ခေါင်းညိတ်၍ နံဟောင်နေသော ဖန်ဂျင်ကို ဆွဲထုတ်သွားလေ၏။

ဂျန်ဝုရှီက ဝါးတောအိမ်လေးသို့ ပြန်ရောက်ချိန်မှာ သူမအခန်းတံခါးကို ပိတ်ထားလိုက်သည်။ ဂုယင်က သူမဆီ လာ၍ စကားပြောလိုသည်။ သို့သော် ဂျန်ဝုရှီက ပြောင်တင် ငြင်းဆိုလိုက်သည်။

ဂုယင်၏ ပြန်ထွက်သွားသော ခြေသံများကို ကြားလျှင် ဂျန်ဝုရှီက စားပွဲမှာ ထိုင်လိုက်သည်။ သူမရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူမ ထိန်းချုပ်မှု လွတ်ကင်းလုလု ဖြစ်သွားသည်။ သူမ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၍ လက်သည်းများက လက်ဖဝါးမှာ ထိုးစိုက်သွားကာ သွေးများပင် စီးကျလာသည်။

ပါရမီရှင်သမားတော်(၂)Kde žijí příběhy. Začni objevovat