၇၁၂။ ခရမ်းရောင်ဝိညာဉ်စွမ်းအား၏ စိုးမိုးခြယ်လှယ်နိုင်စွမ်း (၂)

358 41 0
                                    

၇၁၂။ ခရမ်းရောင်ဝိညာဉ်စွမ်းအား၏ စိုးမိုးခြယ်လှယ်နိုင်စွမ်း (၂)

ဆရာကြီးဝမ်, ဖန်ဂျင် အပြစ်ကင်းတယ်လို့ ဆရာကြီး ယုံကြည်ရင်, ဘာ့ကြောင့် သူ့ကို ဒီနေရာကနေ စိုးရိမ်တကြီး ခေါ်ထုတ်သွားရမှာလဲ၊ သူ ဒီကနေ ထွက်ခွာသွားတာနဲ့ သူ့အဖေသတ်တဲ့ နာမည်ဆိုးက ဘယ်တော့မှ ရှင်းလင်းပျောက်ပျက်သွားတော့မှာ မဟုတ်ဘူးဆိုတာ ဆရာကြီး သိရဲ့လား နင်ရူက စိုးရိမ်ပူပန်စွာ ပြောသည်။

ဖန်ဂျင် စိတ်လွတ်နေသော်လည်း, ကြီးမားကျယ်ပြန့်သော ကုန်းမြေတွင် ဖန်ဂျင့်ကို ကုသနိုင်စွမ်း ရှိသူ မရှိဘူးလို့ မဆိုလိုပေ။ ထို့ပြင် ဖန်ဂျင်ကို ခေါ်ဆောင်သွားသူက အဆင့်မြင့်ပုဂ္ဂိုလ် ဝမ်ရှင်းဟန် ဖြစ်နေသည် မဟုတ်လော။

ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်တစ်ယောက်အနေဖြင့် သမားတော်နှင့် ဆေးဝါးကျွမ်းကျင်သူများကို လိုအပ်နေသည်ဟူ၍ စကားတစ်ခွန်းသာ ပြောဖို့ လိုသည်။ ပျားအုံကို ဝိုင်းအုံနေသည့် ပျားများလို သူ့ထံ ဝိုင်းအုံ၍ လာကြမည်သာ ဖြစ်သည်။

နင်ရူ ပိုမို ခေါင်းခြောက်သော အရာတစ်ခု ရှိသည်။ ဘာ့ကြောင့် ဝမ်ရှင်းဟန်က ဖန်ဂျင်ကို ရုတ်တရက် ခေါ်ထုတ်သွားချင်နေရသနည်း။ ဝမ်ရှင်းဟန်က ဖန်ဂျင်၏ ဂုဏ်သတင်းနှင့် နာမည်ကို မူလအတိုင်း ထိမ်းသိန်းထားလိုသဖြင့် မည်သို့မျှ မလှုပ်ရှားခဲ့ကြောင်း သူ သိထားသည်။

ဘယ်အရာက ဝမ်ရှင်းဟန်၏ စိတ်ကို ပြောင်းလဲသွားစေခဲ့သနည်း။

ဝမ်ရှင်းဟန်က နင်ရူကို ထိုးဖောက်လုမတတ် စူးစိုက်ကြည့်လိုက်သည်။ နင်ရူက ကြောက်လန့်မှုကို ပြင်းပြင်းထန်ထန် လျှော့ချ၍ ဖန်ဂျင်အား စိုးရိမ်ပူပန်ဟန် ဆောင်နေသော်လည်း, သူ့လေသံအရ အင်မတန် ထိတ်လန့်ပူပန်နေကြောင်းကို ဝမ်ရှင်းဟန် ထောက်လှမ်းမိသည်။

ဖန်ချီကို သတ်သူက မည်သူဖြစ်ကြောင်း ဝမ်ရှင်းဟန် မသိပေ။ သို့သော် နင်ရူ၏ တုံ့ပြန်လှုပ်ရှားမှုက သူ့အား အလွန်အမင်း သံသယဝင်စေသည်။

လက်ထောက် ကျောင်းအုပ်ကြီးက ပြစ်မှုကို ဆက်လက် စစ်ဆေးချင်တယ်ဆိုရင်, ဖန်ဂျင်ရဲ့ နာမည်ဂုဏ်သတင်းကို ရှင်းလင်းအောင် လုပ်ချင်တယ်ဆိုရင်, ဒါက အကောင်းဆုံး လုပ်ရပ်လို့ လူတိုင်း ပြောနိုင်ပါတယ်၊ ဒါပေမဲ့ မင်းက မလိုလားဘူးဆိုရင်တော့, ဖန်ဂျင်ရဲ့ လက်ရှိအနေအထားအရ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး ဝမ်ရှင်းဟန်က ပြန်ပြောသည်။ ဖန်ဂျင်က သူထင်ထားတာထက် ပိုမို ဆိုးရွားသော အနေအထားမှာ ရှိသည်။ ဂျန်ဝုရှီက ဖန်ဂျင်ကို ဒီနေရာမှ ခပ်မြန်မြန် ခေါ်ထုတ်သွားခိုင်းတာကိုပင် သူ ကျေးဇူးတင်မိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now