၆၁၈။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၆
သာယာသော လရောင်အောက်တွင် လူနှစ်ယောက်က အချင်းချင်း ကြည့်နေကြသည်။ ကျောက်ချူက မီးပုံဘေးတွင် ထိုင်နေလျက် အမဲခြောက်ကို တစ်ဖဲ့ချင်း ကိုက်ဝါးနေသည်။ သူက လူနှစ်ယောက်ကို လေ့လာအကဲခတ်နေရင်း ပိုပိုပြီး ရှုပ်ထွေးလာသည်။
ထိုနှစ်ယောက်က အဲအတိုင်း နေတာ အတော်ကြာသည်။ ဂျန်ဝုရှီက ကြားထဲမှာ အိပ်ပျော်သွားပုံပင် ရသည်။
သူ့မှာ ညီအမ မရှိသော်လည်း ထိုမောင်နှမနှစ်ယောက်၏ နေထိုင်ပုံက အချင်းချင်း စိတ်ဝင်စားနေပုံပေါ်နေတာကို သူ ပြောနိုင်သည်။ ဒါက နည်းနည်းလေး သာမန်မဟုတ်ဘူးမို့လား။
အကိုကြီးလုပ်သူက သူ့ညီမ၏ လက်ကို အကြာကြီး ကိုင်ထားပြီး သူ့မျက်နှာမှာ အမြဲတမ်း ချစ်ခင်ကြင်နာသော အမူအရာ တောက်လျှောက် ရှိနိုင်အံ့လော။
မဟုတ်သေးဘူး... မဟုတ်သေးပါဘူး... ကျောက်ချူက သူ့ကိုယ်သူ တိုးတိုး ပြောသည်။
ဖေးယန်က ကျောက်ချူကို ဖျတ်ခနဲ ကြည့်လိုက်သည်။ မီးကင်ထားသော ယုန်ခြေထောက်ကို သူ့မျက်လုံးရှေ့သို့ ထိုးပို့လိုက်သည်။ စုံတွဲအား ချောင်းကြည့်နေသော ကျောက်ချူ မျက်လုံးများကို တားဆီးပစ်လိုက်သည်။
ဘာလဲ ကျောက်ချူ သတိပြန်ကပ်လာသည်။ ပူလောင်ပြီး ရနံ့သင်းနေသော ယုန်ခြေထောက်ကို မြင်၍ ဖေးယန်ကို လှည့်ကြည့်၍ မေးသည်။
ဖေးယန် မျက်စိ လည်သွားရသည်။
မင်း သူတို့ကို နောက်ထပ် မကြည့်ဘဲ မနေနိုင်တော့ဘူးလား, မင့်မျက်လုံးတွေ ပေါက်ထွက်တော့မယ်။
ကျောက်ချူ့မျက်နှာ နီရဲသွားသည်။ သူ ရှက်ကိုးရှက်ကန်းဖြင့် တဟမ်းဟမ်း ချောင်းဟန့်လိုက်သည်။
ဖေးယန်က ကျောက်ချူ မျက်နှာ နီရဲသွားတာကို မြင်လိုက်၍ စနောက်၍ ပြောသည် ပြောစမ်းပါအုံး, သူတို့နှစ်ယောက်ကို မင်း ဘာလို့ သဲကြီးမဲကြီး ကြည့်နေရတာလဲ၊ မင်း ရှီလေးအပေါ် တခြားရည်ရွယ်ချက်များ ရှိနေတာလား၊ မင်း သူတို့ကို မနာလိုပြီး စူးစူးရဲရဲ ကြည့်နေတာလား။