၆၇၁။ သေရေးရှင်ရေး ကာလ (၂)

495 39 0
                                    

၆၇၁။ သေရေးရှင်ရေး ကာလ (၂)

ပတ်ပတ်လည် အပူချိန်က အေးစက်နေသဖြင့် လူတစ်ယောက်အား တုန်ယင်အောင် လုပ်ဖို့ လုံလောက်သည်။ လော့မဲ့မဲ့က အကာအကွယ်ဖြစ်သော သိုးမွှေးများ အားလုံး ဆုံးရှုံးသွားပြီး အကြီးအကျယ် ဒဏ်ရာရထားသဖြင့် အလွန်အမင်း အားနည်းချည့်နဲ့နေသည်။ ဒဏ်ရာများမှ နာကျင်မှု, အပူချိန် နိမ့်ကျပြီး အေးစက်မှုက လော့မဲ့မဲ့အား မထိန်းချုပ်နိုင်စွာ တုန်ယင်စေသည်။ အားနည်းပြီး တုန်ယင်နေမှုက ဂျန်ဝုရှီ၏ မျက်လုံးများမှာ ထင်ဟပ်နေပြီး သူမမျက်လုံးများကိုပင် မသိမသာ တုန်ယင်စေသည်။

အနက်ရောင်သားရဲကြီး ပေါ်ထွက်လာသည်။ ဂျန်ဝုရှီပင် ပြောစရာမလိုဘဲ သူ့ခန္ဓာကိုယ်ဖြင့် ဂျန်ဝုရှီနှင့် လော့မဲ့မဲ့အား ပတ်ပေးလိုက်သည်။ သူ၏ အမွှေးပွပွဖြင့် တတ်နိုင်သမျှ အပူချိန် မြင့်တက်အောင် လုပ်ပေးသည်။

ဂျန်ဝုရှီက သူမကုတ်အင်္ကျီ၏ အပြင်ဘက်တွင် ကပ်ညိနေသာ ရေခဲလွှာများကို ဖယ်ရှားပစ်ပြီး လော့မဲ့မဲ့ကို သူမ၏ ဝမ်းဗိုက်ထဲသို့ ထည့်၍ အနည်းငယ် နွေးထွေးအောင် လုပ်ပေးသည်။

လော့မဲ့မဲ့က ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး ဖြစ်သည်။ အောက်ဘုံတွင် သူနှင့် ယှဉ်နိုင်သူ မရှိသလောက်ပင်။ သူ့အား နည်းနည်းလေး ထိခိုက်စေဖို့ကား ပြောစရာပင် မလိုတော့ပေ။ သို့သော် ထိုအစိမ်းရောင် မီးလုံးဖြင့် တစ်ချက်လေး ထိလိုက်တာနှင့် သက်ရောက်မှု ပြင်းထန်စွာ ဒဏ်ရာအကြီးအကျယ် ရခဲ့သည်။

ထို့ပြင် လော့မဲ့မဲ့ ရှေ့သို့ ခုန်တက်လာပြီး ဂျန်ဝုရှီအား အဝေးသို့ ပုတ်မထုတ်ခဲ့လျှင် ဂျန်ဝုရှီ၏ လက်ရှိစွမ်းအားဖြင့် အစိမ်းရောင်မီးလုံး ထိလိုက်သည်နှင့် သူမ ချက်ချင်း သေသွားနိုင်သည်။ သူမ တစ်ချက်လေးပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

အဲဒီမွန်းစတားကြီး လိုက်လာမှာလား အနက်ရောင်သားရဲကြီးက မေးသည်။ သူ့အသံက အနည်းငယ် တုန်ယင်နေသည်။ အခု ဖြစ်ပျက်သွားခဲ့သမျှက မြန်ဆန်လွန်းသည်။ အရာရာ အဆုံးသတ်မသွားခင် သူ ထွက်လာဖို့ပင် အခွင့်အရေး မရခဲ့ပေ။ လော့မဲ့မဲ့၏ သနားဖွယ်ရာ အနေအထားကို ကြည့်ရသလောက်, ထိုမွန်းစတားကြီး၏ စွမ်းအားကို သူ ကောင်းကောင်း ခန့်မှန်းနိုင်သည်။ ၎င်းမွန်းစတားကြီး၏ စွမ်းအားက အင်အားကြီးသော လော့မဲ့မဲ့ကိုပင် နှလုံးသားထဲမှ စိမ့်ကြောက်သွားစေသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz