၃၈၉။ စာရင်းသွင်းခြင်း - ၅
ဝိညာဉ်ကုသရေးဌာနသို့ ဝင်ခွင့်ရခြင်းကို ဂျန်ဝုရှီကိုယ်တိုင်သည်ပင် မျှော်လင့်ထားခဲ့သည် မဟုတ်ချေ။ ကျောင်းတော်ဂိတ်ပေါက်ရှေ့ရှိ တခြားလူများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
သူမ၏ ရည်ရွယ်ချက်က ကျောက်ချူတို့နှင့် အတူ လူ့အရေပြား မြေပုံ နောက်တစ်ပိုင်းကို ရှာဖွေဖို့ ဖြစ်သည်။ သူမ မတွေးမိတာက....... သူမကို ဝိညာဉ်ကုသရေးဌာနတည်ထောင်သူက အမူမဲ့အမှတ်မဲ့ သတိပြုမိသွားပြီး သူ့သင်ပြပေးမှုကို ခံယူဖို့ ဖိတ်မံသွားခြင်း ဖြစ်သည်။
လူတိုင်း၏ အားကျသော မနာလိုသော မျက်လုံးများအောက်တွင်, ဂျန်ဝုရှီက ထွက်ခွာသွားသည်။ သူမမျက်နှာက ပင်လယ်သေလို တည်ငြိမ်နေသည်။ သူမက အစောပိုင်း စီမံထားသည့်အတိုင်း ကျောက်ချူတို့နှင့် ပေါင်းဆုံရန် သစ်ပင်ကြီးအောက်သို့ သွားသည်။
သို့သော်.....
ထိုမျက်လုံးလေးစုံက သူမအား အတော် အံ့အားသင့်ဟန်ဖြင့် ကြည့်နေကြသည်။
ရှီလေး... ဒီ့အရင် ဂူလီရှန်ကို မင်း သိထားသလား ကျောက်ချူက သူမ ပြန်ရောက်ရောက်ချင်း မေးသည်။ သူ့သိချင်စိတ်ကို နည်းနည်းလေးပင် ဖိနှိပ်ထားဖို့ မစွမ်းသာပေ။
ဂျန်ဝုရှီက သာမန်လိုသာ ပြန်ပြောသည်။ တစ်ခါမှ မတွေ့ဖူးဘူး။
မင်း တစ်ခါမှ မတွေ့ဖူးဘူးလား ကျောက်ချူက အံ့အားသင့်သဖြင့် မျက်လုံးပြုးသွားသည်။
အစောပိုင်းတုန်းက သူ မင်းကို ဘာလုပ်လိုက်တာလဲ ရောင်းရူက ဂျန်ဝုရှီကို ခေါင်းစ ခြေဆုံး ကြည့်သည်။ ဂျန်ဝုရှီ အဆင်ပြေနေတာကို တွေ့မြင်ရလျှင်, သူမက နောက်ဆုံးတွင် စိတ်သက်သာသွားသည်။
ငါ့ဝိညာဉ်ကို ကုသပေးတာ။ ဂျန်ဝုရှီက တိုတိုတုတ်တုတ် ဖြေသည်။
လေးယောက်စလုံး တုန်လှုပ်သွားကြသည်။
ရောင်းရူက ထပ်မေးသည် ဘယ်လိုတဲ့လဲ။
ဂျန်ဝုရှီက ပြန်မပြောတော့ဘဲ သူမလက်များကို မြှောက်လိုက်သည်။ ထိုလက်များမှ အနက်ရောင်မြူလုံးကို သူတို့ မြင်လိုက်ကြပြီး တဖြည်းဖြည်း သူမလက်မောင်းကြားတွင် ကြောင်နက်လေးအသွင် ပေါ်လာသည်။