၉၃၅။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၅)
မင်းလို တရားမဝင်ကောင်က တော်ဝင်ခမည်းတော်ကို ဆက်လက် နှိပ်စပ်နေမှာ ငါ ခွင့်မပြုနိုင်ဘူး လေ့ရှီက လေ့ဖန်ကို ရက်ရက်စက်စက် ပြောလိုက်သည်။
အေးစက်စက် အရည်က လေ့ဖန်၏ မျက်နှာပေါ်သို့ ကျရောက်လာသည်နှင့် တပြိုင်နက် လေ့ဖန်၏ မျက်နှာမှာ အရိုးနှင့် အရေတို့၏ တည်နေရာများ ပြင်းပြင်းထန်ထန် ပြောင်းရွှေ့စ ပြုလာသည်။
ဘုရင်ကြီးက တုန်လှုပ်ချောက်ချားခြင်းကြောင့် ပလ္လင်မှ ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထွန့်ထွန့်လူးလျက် အော်ဟစ်နေသော လေ့ဖန်ကို အံ့အားသင့်စွာ စူးစိုက်ကြည့်လိုက်သည်။ သူက မယုံကြည်နိုင်စွာ လေ့ဖန်၏ မျက်နှာကို မမှိတ်မသုန် ကြည့်နေသည်။
လေ့ဖန်၏ ချောမောသော မျက်နှာက တွန့်လိမ်၍ မယုံကြည်နိုင်သော အရှိန်ဖြင့် ပြောင်းလဲနေသည်။
လေ့ဖန်၏ ရုပ်ရည်သွင်ပြင်က တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ၎င်းမျက်နှာက ဘုရင်ကြီးအတွက် အစိမ်းသက်သက်လည်း ဖြစ်နေသလို တစ်ပြိုင်နက် အကျွမ်းတဝင်လည်း ရှိနေသည်။
၎င်းမျက်နှာက လက်ရှိ ခန်းမကြီးထဲရှိ မိဖုရားကြီးနှင့် အလွန်ဆင်တူသည်။ အမတ်ချုပ်ကြီး၏ ရုပ်ရည်သွင်ပြင်ကိုလည်း မျက်လုံးပတ်လည်မှာ တွေ့မြင်နိုင်သည်။
လုံးဝ အံ့အားသင့်သွားပြီး ဘုရင်ကြီး ပလ္လင်ပေါ်သို့ ပစ်ကျသွားလေ၏။ လုံးလုံး မျက်နှာ ပြောင်းလဲသွားသော လေ့ဖန်ကို ကြည့်လျက် လုံးလုံးလျားလျား မယုံကြည်နိုင် ဖြစ်သွားသည်။ ဘုရင်ကြီး၏ စိတ်က ဖရိုဖရဲ ဖြစ်သွားရချေပြီ။
မျက်နှာအပြောင်းအလဲကြောင့် လေ့ဖန်က ကြမ်းပြင်ပေါ်တွင် ထွန့်ထွန့်လူးလျက် ဆက်တိုက် အော်ဟစ်နေသည်။ လေ့ရှီက ဘေးဖက်တွင် မထူးခြားဟန်ဖြင့် ရပ်နေသည်။ သူ့ခြေရင်းသို့ ယူဆောင်လာခဲ့သော မြင်ကွင်းကို သူက ပျော်ရွှင်ကျေနပ်စွာ ကြည့်ရှုခံစားနေလိုက်သည်။
ခမည်းတော် ဒီမိစ္ဆာမရဲ့ သားက ထူးခြားတဲ့ နည်းလမ်းကို သုံးပြီး သူ့ရဲ့ မျက်နှာသွင်ပြင်ကို ပြောင်းလဲထားတာ၊ ဒီဆေးရည်ကို သူ့မျက်နှာပေါ်မှာ ပက်ဖျန်းလိုက်တာနဲ့, အဲနည်းလမ်းက အာနိသင်ပျက်ပြယ်သွားတယ်၊ သားတော်က ခမည်းတော်ရှေ့မှာ မလေးမစား လုပ်မိသွားပါတယ်၊ ကိုယ့်ကိုယ်ကို အပြစ်ဆယ်တင်ဖို့ ခမည်းတော်က သားတော်ကို အပြစ်ပေးပါ၊ ခမည်းတော်က ဒီမျက်နှာကို သေသေချာချာ စစ်ဆေးကြည့်ရှုဖို့တော့ တောင်းဆိုပါရစေ၊ သူက သားတော်ရဲ့ စတုတ္ထညီတော်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ပြီးတော့ ခမည်းတော်ရဲ့ ကလေးတစ်ယောက်နဲ့လည်း မဆင်ဘူး၊ ဒီတရားမဝင်ကောင်က မိဖုရားကြီးနဲ့ အမတ်ချုပ်ကြီးကနေ အိမ်ထောင်ရေး ဖောက်ပြားပြီး မွေးဖွားလာခဲ့သူပါ လေ့ရှီက ရုတ်တရက် ဒူးထောက်၍ ဘုရင်ကြီးအား အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်လေ၏။