၃၅၈။ "တပည့်ဖြစ်လာခြင်း - ၂"

771 55 0
                                    

၃၅၈။ တပည့်ဖြစ်လာခြင်း - ၂

ယန်ဘူ‌ဂွေ့က လည်ချောင်းနင်သွား၍ သောက်လက်စ ဝိုင်များက ပါးစပ်အပြည့် ဖူးခနဲ ကျောက်ချူအပေါ် ပန်းထွက်သွားကြသည်။

ကျောက်ချူ မှင်တက်သွားသည်။

အဟမ်း..အဟမ်း...အဟမ်း.... မင်း ဘာပြောလိုက်တာလဲ ယန်ဘူဂွေ့က မေးသည်။ သူ့မျက်လုံးများ ကြောက်လန့်သဖြင့် ပြူးကျယ်နေကြသည်။ သူက ဂျန်ဝုရှီကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

သူက သူ့အား မည်သို့ ခေါ်လိုက်သနည်း။

ဆရာတဲ့လား။

ယန်ဘူဂွေ့က တုန်တုန်ယင်ယင်ဖြစ်သွားပြီး သူ့ဆံပင်မွှေးများ အားလုံး ထောင်ကုန်သည်။ သူက ထိတ်ထိတ်ပျာပျာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ရက်စက်သည့် သခင်ကြီး၏ အရိပ်အယောင်ကို ရှိ မရှိ ကြည့်လိုက်သည်။

ဆရာ ဂျန်ဝုရှီက ပျာယာခတ်နေသည့် ယန်ဘူဂွေ့ကို စူးစိုက်ကြည့်လျက် တည်ငြိမ်စွာ နောက်တစ်ကြိမ် ခေါ်သည်။

ယန်ဘူဂွေ့က မထိန်းနိုင် မသိမ်းနိုင် တုန်လှုပ်လျက် ထိုင်နေသည်။ သူ့မျက်နှာက အပြင်းအထန်ရုန်းကန်နေရပုံ ပေါ်နေပြီး စကားတစ်လုံးတစ်လေကိုပင် မပြောနိုင် ဖြစ်နေသည်။

ကျောက်ချူက သူ့မျက်နှာမှ ဝိုင်များကို ကပျာကယာ သုတ်ပစ်၍ သူ့ဆရာအား သနားစဖွယ် ကြည့်လိုက်သည်။

ဆရာ, ရှီလေးက အရမ်းငယ်သေးတယ်၊ ဒါပေမဲ့ သူက တကယ့်ကို အံ့ဩစရာကောင်းအောင် တော်တာ၊ သူ့ကို ဒီလိုမျိုး မငြင်းဆန်လိုက်ပါနဲ့။ ကျောက်ချူက ဒေါသတကြီး ပြောသည်။ ယန်ဘူဂွေ့မှာ တပည့်လေးယောက်သာ ရှိသည်။ သူတို့ တပည့်ဖြစ်လာရသည့် အခြေအနေက တကယ့်ကို ပုံမှန်အနေအထားမှာ မဟုတ်ကြချေ။ ယန်ဘူဂွေ့က ဂျန်ရှီ့ကို တပည့်အဖြစ် လက်ခံမလား, လက်မခံဘူးလား သူတို့ မသိကြချေ။

တခြားတစ်ယောက်ယောက်သာဆိုလျှင် ကျောက်ချူက ဒီလောက် စိတ်အနှောင့်အယှက်ခံပြီး ပြောနေမည် မဟုတ်ပေ။ သို့သော် သူက ဂျန်ဝုရှီကို ညီအကိုလို ရှူမြင်ထားပြီး ဖြစ်သည်။ သူတို့လို ဆရာတစ်ယောက်တည်း၏ လက်အောက်တွင် ဂျန်ရှီ လေ့ကျင့်တာကို သူ လိုလားနေသည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant