၇၁၅။ ကျနုပ်၏ လှုပ်ရှားချက် (၂)

458 47 0
                                    

၇၁၅။ ကျနုပ်၏ လှုပ်ရှားချက် (၂)

သုံး.... သုံးရက်လား၊ ဒါ အတော်လေး အလျင်လိုမနေဘူးလား နင်ရူ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူက နင်ရှင်းအတွက် လက်တုံ့ပြန်နိုင်ရန် ဂုယင်ကို လေညင်းကျောင်းတော်သို့ ခေါ်သွင်းခဲ့သူ ဖြစ်သည်။

သို့သော် အခု ဖန်ချီ သေဆုံးသွားပြီး ဖန်ဂျင်က စိတ်လွတ်နေသည်။ သို့သော် ဖန်ဇိုနှင့် ရူလင်းစစ်တပ်ကို အခုထိ မကိုင်တွယ်ရသေးပေ။ သို့ပါလျက် ဂုယင်က သူတို့ကို လှုပ်ရှားရန် ဖိအားပေးနေလေပြီ။

သူ၏ စေ့စပ်ညှိနိုင်းရေး ကဒ်ပြားများ ဖြစ်သော ဂူလီရှန်နှင့် ဂျန်ရှီ မရှိလျှင် နင်ရူ၏ အနာဂတ်အခြေအနေက မည်သို့ ဖြစ်လာမည်မှန်း သူ စဉ်းစားပင် မစဉ်းရဲတော့ချေ။

သုံးရက်အတွင် အချိန်မီ ပြီးအောင် မလုပ်ရင်, ကျုပ် ခင်ဗျားကို သတ်ရလိမ့်မယ်၊ ပြီးရင် ကျုပ်ကိုယ်တိုင် အဲကောင်စုတ်တွေ အကုန်လုံးကို စေလွှတ်ပစ်မယ် ဂုယင်က ခြိမ်းချောက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုသော အရိပ်အငွေ့များ ယှက်သန်းနေသည်။ သူက ဒေါသပွက်ပွက်ဆူနေလေ၏။

နင်ရူ မျက်လုံးပြူးသွားသည်။ သူက ဂုယင်ကို မယုံကြည်နိုင်စွာ စူးစိုက် ကြည့်မိသည်။ သွေးရောင်လွှမ်းနေသော ထိုမျက်လုံးတစ်စုံကို ကြည့်ပြီးလျှင် ဂုယင်က ပြောသည့်အတိုင်း လုပ်မည့်ပုံ ပေါက်နေတာကို နင်ရူ သိလိုက်သည်။

ဂုယင်က နင်ရူကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။ သူ ဆက်နေလျှင် အသုံးမကျသော ထိုအမှိုက်ကောင်ကို သတ်ဖြတ်ပစ်မိလိမ့်မယ်။

နင်ရူက ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား ကျန်ရစ်ခဲ့သည်။ သူ့မျက်နှာက ညှိုးနွှမ်းအားငယ်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူက ရုတ်တရက် ပိုမို၍ အသက်ကြီးသွားဟန် ပေါက်လာသည်။

လေညင်းကျောင်းတော်သားများကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ ခေါ်ဆောင်သွားသည်နှင့် ဂုယင်အတွက် သူက အသုံးမဝင်သော လူတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။ အစောနက ဂုယင်၏ သွေးလွှမ်းသော မျက်လုံးများကို ပြန်သတိရလိုက်လျှင် နင်ရူက သူ့လက်မောင်းများဖြင့် ကိုယ့်ကိုယ်ကို ထွေးပိုက်ထားမိသွားသည်။ ရုတ်တရက် ကြောက်လန့်ခြင်းက သူ့အား လွှမ်းမိုးလာလေ၏။ သူ့တစ်ကိုယ်လုံး အေးစက်စက် ဖြစ်သွားသည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang