၃၄၂။ "လွှမ်းမိုးနိုင်လွန်းသော - ၅"

770 62 0
                                    

၃၄၂။ “လွှမ်းမိုးနိုင်လွန်းသော - ၅”

ယဲ့ရှက တောင်ဆင်းလမ်းကို ပိတ်ဆို့ထားလိုက်သည်။ ထိုလူနှစ်ယောက်အား ဆင်းခွင့် ပိတ်ပင်လိုက်သည်။

အဖြူရောင်ဝတ်စုံရှင်လူက ယဲ့ရှအား စိတ်မရှည်သဖြင့် လက်ဝါးဖြင့် ရိုက်ချသည်။ မမျှော်လင့်ထားစွာ ယဲ့ရှက သူ့လက်ဖဝါးဖြင့် ပြန်လည် ရိုက်ထုတ်လာသည်။

သန်မာသည့် လက်ဖဝါးနှစ်ခုက ထိုခဏမှာ တွေ့ဆုံ၍ ပေါက်ကွဲထွက်သွားသည်။ အဖြူရောင်ဝတ်စုံရှင်က ယဲ့ရှအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ယဲ့ရှ၏ စွမ်းအားက သူနှင့် ယှဉ်နိုင်နေသည်မဟုတ်လော။

“မင်းက နိမ့်ကျတဲ့ လောကက မဟုတ်ဘူး၊ မင်း ဘယ်ကလဲ” အဖြူရောင် ဝတ်စုံရှင်က တုန်လှုပ်၍ သူ့အပြုံးက ပျောက်ကွယ်သွားသည်။

ယဲ့ရှက အေးစက်စက် ရယ်လိုက်သည်။ သို့သော် ပြန်မပြောချေ။

“တောက်” အဖြူရောင်ဝတ်စုံရှင်က အသံထွက်ရုံမျှ ကျိန်ဆဲ၍ မကြာခင်မှာပင်, သူက ယဲ့ရှအား လုံးဝ စိတ်နှစ်ထားလိုက်သည်။ အင်အားကြီး စွမ်းအားရှင် နှစ်ယောက် တိုက်ခိုက်ကြတော့သည်။ ပတ်ပတ်လည် မြက်များ, သစ်ပင်များက တိုက်ပွဲကြောင့် အမြစ်ကျွတ်ထွက်ကုန်သည်။ သူတို့၏ လှုပ်ရှားမှုကြောင့် လေပွေထကုန်သည်။ သူတို့ ခြေထောက်အောက်မှ မြေပြင်က လှုပ်ယမ်းကာ ကြွေမွသွားသည်။

အဖြူရောင်ဝတ်စုံရှင်က ယဲ့ရှအား အနိုင်မယူနိုင်သဖြင့် အတောမသတ် ကျိန်ဆဲနေလေ၏။

ယဲ့ရှက သူ့ရန်သူ၏ တိုက်ကွက်နှင့် လှုပ်ရှားမှုမှန်သမျှကို အလေးထားကာ မှတ်သားထားသည်။ သူ့ရန်သူ၏ ဇာစ်မြစ်ကို သူ့စိတ်ထဲတွင် အလျင်အမြန် ရှာဖွေလိုက်သည်။

အင်အားကြီး စွမ်းအားရှင် နှစ်ယောက်က သူတို့ တိုက်ပွဲမှာ နစ်မြုပ်နေချိန်မှာ, မီးခိုးရောင်ဝတ်စုံရှင်က တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေရင်း စိတ်မအီမသာ ဖြစ်လာသည်။ သူ့လက်ဖဝါးမှ စွမ်းအားများ အားကောင်းစွာ ပေါက်ကွဲထွက်လာပြီး ယဲ့ရှ၏ အသက်သွေးကြောများသို့ ချိန်ရွယ်ကာ တိုက်ရိုက်ပစ်သွင်းလိုက်သည်။ အဖြူရောင်ဝတ်စုံရှင်က အကြမ်းပတမ်း တိုက်ခိုက်နေသဖြင့် ယဲ့ရှက အနည်းငယ်သာ ရှောင်နိုင်လိုက်သည်။ ထိုပြင်းထန်သည့် စွမ်းအားက သူ့ရင်ဘတ်ကို ထိမှန်၍ ယဲ့ရှက ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now