၅၈၉။ လူအုပ်ကြီးကို ဖြတ်ရိုက်ခြင်း-၇
မြတ်နိုးဖွယ်ကောင်းသော ဂူလီရှန်, လေးစားစရာကောင်းသော ဖန်ချီ, သူတို့နှစ်ယောက်လုံးက ရှေ့ထွက်လာ၍ သူတို့၏ အစွန်းအထင်းမရှိသော ဂုဏ်သိက္ခာဖြင့် ဖြစ်ရပ်နောက်ကွယ်မှ အမှန်တရားကို လူတိုင်းအား ပြောပြ၍ ဂျန်ဝုရှီ၏ ဂုဏ်သိက္ခာကို အာမခံကြသည်။ ခနော်ခနဲ့နိုင်သော ကောလာလဟများနှင့် နှိုင်းစာလျှင်, သူတို့နှစ်ယောက်က ပိုမို၍ ယုံကြည်ဖို့ ထိုက်တန်ပြီး အကြွင်းမဲ့ ယုံကြည်လို့လည်း ရသော သက်သေသကာယများ ဖြစ်ကြသည်။
တစ်ယောက်က ဝိညာဉ်ကုစားဌာန၏ ခေါင်းဆောင် ဖြစ်ပြီး နောက်တစ်ယောက်က လေညင်းကျောင်းတော်တစ်ခုလုံး၏ ကျောင်းအုပ်ကြီး ဖြစ်သည်။ ထင်ထင်ရှားရှား ရပ်တည်နေကြသော ထိုနှစ်ယောက်က အထင်ကြီးလေးစားဖွယ်ရာ ရာထူးရှိသူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က လေညင်းကျောင်းတော်ရှိ လူအားလုံးထက် သာလွန် မြင့်မားသော အာဏာကို စွဲကိုင်ထားသူများ ဖြစ်ကြသည်။ သူတို့က သေးနုပ်ပြီး မထင်ရှားသော လူသစ်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ ထိုမျှလောက် ကာကွယ်ပေးဖို့ မလိုအပ်ကြပေ။
ထိုအခိုက်တွင် ဂျန်ရှီအား တံဆိပ်ကပ်ထားသော အပျက်သဘောဆောင်သည့် နာမည်ဆိုးများ အကုန်လုံး ရှင်းလင်းသွားလေ၏။ အခြေအမြစ်မရှိ, ခိုင်မာမှုမရှိသော ကောလာဟလများနှင့် ဂျန်ဝုရှီကို မည်သူမျှ နောက်ထပ် ချိတ်ဆက်ရဲတော့မည် မဟုတ်ပေ။
ကျောင်းသားများအားလုံး ဂျန်ရှီ့အပေါ် အမုန်းလည်း မရှိသလို စက်ဆုပ်ခြင်းလည်း မရှိတော့ပေ။ သို့သော် သူတို့အားလုံး လူငယ်လေးကြောင့် တုန်လှုပ်ခြင်း အံ့အားသင့်ခြင်းဖြင့် ပြည့်နှက်နေတာကို တွေ့ရှိကြရသည်။
သူတို့၏ အကြမ်းတမ်းဆုံးသော အိပ်မက်ထဲမှာပင် အမှန်တရားက ဒီလိုပုံစံမျိုး ပြောင်းပြန် ဖြစ်သွားမည်ဟူ၍ သူတို့ မျှော်လင့်မထားမိကြချေ။
သူတို့အားလုံး တစ်ချိန်လုံး ဆဲရေးတိုင်းထွာ၍ ကျိန်ဆဲနေကြသော လူတစ်ယောက်တည်းကသာ တကယ့်တကယ်တော့ ဒီအဖြစ်အပျက်တစ်ခုလုံးမှာ သားကောင်ဖြစ်ခဲ့သည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)