၈၄၃။ အကွက်ချ ဖမ်းဆီးခြင်း (၄)

309 29 0
                                    

၈၄၃။ အကွက်ချ ဖမ်းဆီးခြင်း (၄)

ဂျန်ဝုရှီက ထိုကောင်မလေးကို မလိုမုန်းတီးသွားတာ ဖြစ်ရမည်။ သို့မဟုတ်ပါက ဘာ့ကြောင့် ဂျန်ဝုရှီက သူမ၏ ပထမတိုက်ကွက်ဖြင့်ပင် သူမ၏ အသက်ကို နှုတ်ယူလိုလိမ့်မည်နည်း။

မင်း အဲသလို မလုပ်ခဲ့ဘူးပေါ့၊ တစ်ယောက်ယောက်က မင်းကို အမှုဆင်ချင်နေတာလား ဖန်ဇိုက ရုတ်တရက် မေးလိုက်သည်။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။ ငါ သူမကို ထိတောင် မထိခဲ့ဘူး၊ ငါ မတိုက်ရသေးခင် သူမ လဲကျသွားတာပဲ။ ထိုစဉ်တုန်းက သူမ အလွန်အမင်း လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ သူမ ချူလင်းယွဲ့နှင့် နီးကပ်ခဲ့သည်ကတော့ အမှန်ပင်။ တခြားလူများ၏ မျက်လုံးများထဲမှာ သူမ၏ လျင်မြန်သော အရှိန်အဟုန်ကို အသုံးချပြီး ချူလင်းယွဲ့အား တိုက်ခိုက်သည်ဟု ထင်မြင်သွားလိမ့်မည်။

သို့သော် မည်သူမျှ ဂျန်ဝုရှီဆိုသည့် သူမထက် ပိုမို၍ ထိုစဉ်က အဖြစ်အပျက်ကို တိတိကျကျ သိနိုင်လိမ့်မည် မဟုတ်ပေ။

ဂျန်ဝုရှီ၏ စကားများကြောင့် ကျောက်ချူတို့ ရုတ်တရက် အတွေးနက်သွားကြသည်။ ချူလင်းယွဲ့က ဂျန်ဝုရှီ ဝုန်းဒဲကြဲရလောက်အောင် ဂျန်ဝုရှီအပေါ် သူမ တစ်စုံတရာ လုပ်ခဲ့တာ ဖြစ်မည်ဟူ၍ သူတို့ အစပိုင်းမှာ တွေးမိကြသည်။ သို့သော် ဖန်ဇိုနှင့် ဂျန်ဝုရှီ၏ အပြန်အလှန် စကားကို ကြားရလျှင် အခု သူတို့ ရုတ်တရက် အကြမ်းပတမ်း လှုပ်နှိုးခံလိုက်ရသည်။

ဂျန်ဝုရှီက သူမရန်သူကို လက်တုံ့ပြန်လိုလျှင်, သူမကို လူများ အာရုံစိုက်စေမည့် နည်းလမ်းမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ တခြားသူများရှေ့တွင် သူမက သူမ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသရိုး ထုံးစံမရှိခဲ့ပေ။ တင်ကြိုပြင်ဆင်ခြင်း မရှိဘဲ သတ်ဖြတ်မှုကိုလည်း သူမ ကျူးလွန်ရိုး ထုံးစံမရှိခဲ့ပေ။

အရင်က အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်လျင် ချူလင်းယွဲ့မှာ ဖြစ်ပျက်သွားသည့် ကိစ္စက ဂျန်ဝုရှီ၏ လုပ်နေကျ စတိုင်မဟုတ်မှန်း သိသာသည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя