၅၇၇။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ-၅

560 47 0
                                    

၅၇၇။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ-၅

ဖန်ဂျင် စိတ်များ ချာလည်လည် ဖြစ်သွားရသည်။ ထိုငတုံး ကျောင်းသားများကို သူ တကယ်ပင် ပြောပြလိုက်ချင်သည် မင်းတို့ကောင်တွေ စကတည်းက မှားနေတာကွ၊ ဟိုစလာကတည်းက ဂျန်ရှီကသာ တစ်ချိန်လုံး မတရားခံနေရသူကွ။

လီဇီမုဆိုတဲ့ ကောင် ဝိညာဉ်ကုစားဌာန ဝင်ခွင့်ရတာ ဂျန်ရှီကြောင့်ပဲ၊ သူ့ကို ဂူလီရှန် အာရုံစိုက်သွားတာလည်း ဂျန်ရှီကြောင့်ပဲကွ။

ဂျန်ရှီကြောင့်သာ မဟုတ်ရင်, လီဇီမုကို လေညင်းကျောင်းတော်မှာ ဘယ်သူမှ အာရုံစိုက်မှာ မဟုတ်ဘူး။

တကယ်တော့ လီဇီမုကသာ ဂျန်ရှီရဲ့ နေရာကို ဝင်ယူတဲ့ကောင်၊ ဒါတောင် သူက ဂျန်ရှီ့နာမည်ကို ဗြောင်တင် အသုံးချပြီး သူ့အဆင့်မြင့်မားအောင် ကြံဆောင်ခဲ့တဲ့ကောင်၊ လုံးဝ အရှက်မဲ့တဲ့ကောင်၊ နည်းနည်းလေးမှ နောင်တမရတဲ့ကောင်။

သို့သော် လေညင်းကျောင်းတော်ရှိ ကျောင်းသားများက သူတို့ ကြားတာကိုသာ သူတို့ ယုံကြည်ကြသည်။ ဒါကပင် ဖန်ဂျင်ကို တလိမ့်လိမ့် ဒေါသထွက်စေသည်။

ထွက်သွားကြစမ်း, ခုချက်ချင်း ထွက်သွားကြစမ်း... ဖန်ဂျင်က ဒေါသတကြီး အော်ထုတ်လိုက်သည်။ သူ့မျက်နှာက နီရဲနေသည်။ ထိုအခိုက်တွင် ပုံမှန် စိတ်ရှည်တတ်သော ဖန်ဂျင်သည်ပင် သတ်ဖြတ်လိုသဖြင့် ယားကျိကျိ ဖြစ်သွားသည်။

လူငယ်များက မျက်နှာစူပုပ်သွားကြပြီး ဖန်ဂျင်ကို မကျေနပ်ဟန်ဖြင့် စူးစူးရဲရဲ ကြည့်ကြသည်။ သူတို့က ဆက်လက် ငြင်းခုန်လိုကြသည်။ သို့သော် ဖန်ဂျင် ဒေါသထွက်လွန်းသဖြင့် သိသိသာသာ တုန်ယင်နေတာကို တွေ့မြင်ချိန်မှာတော့ သူတို့ အံ့အားသင့်ကုန်၍ တိုးတိုးတိတ်တိတ် တံတွေးမျိုချမိကြသည်။ ထို့နောက် သူတို့ အလောတကြီး ဆုတ်ခွာသွားကြလေ၏။

ထိုလူငယ်များ ထွက်ခွာသွားပြီးနောက်, နောက်တစ်ယောက်က ဘေးတစ်ဖက်မှ ပေါ်ထွက်လာသည်။ သူက မြင့်မားသော ဝါးပင်အုပ်မှ လျှောက်လှမ်းထွက်လာသည်။ ထိုလူ၏ ပခုံးများက တွဲလျားကျနေပြီး သူ့မျက်နှာက ညှိုးငယ်နေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now