၈၈၆။ နန်းတွင်း ညစာစားပွဲ
မိန်းမစိုးလေးက ရုတ်တရက် ပျာယာခတ်သွားပြီး ငွေရောင်ဆံပင်ရှင် ယောက်ျားကို နောက်ကနေ လှမ်းမေးလိုက်သည် သခင်ကြီး မဟာအကြံပေး, ဘယ်သွားမလို့လဲခင်ဗျ....
ဒီလောက် ရှုခင်းကောင်းနေတာ, လမင်းကို မရှုစားလိုက်ရင် စိတ်ပျက်စရာ ဖြစ်သွားမှာပေါ့၊ မင်း အရှင်မင်းကြီးကို သတင်းပို့ထားလိုက်၊ ညစာစားပွဲကို ငါ နည်းနည်းလေး နောက်ကျမှ ရောက်လာလိမ့်မယ်လို့။ ထိုသို့ ပြောပြီးနောက် ငွေရောင်ဆံရှင်က လှည့်မကြည့်ဘဲ ထွက်သွားလေ၏။
ခဏအကြာမှာ ငယ်ကျွန်တစ်ယောက်က ဘုရင်ကြီး၏ အမိန့်ကို ပို့ဆောင်ရန် ညစာစားပွဲခန်းမမှ ထွက်လာသည်။ မဟာအကြံပေးကို ညစာစားပွဲခန်းမသို့ လာရောက်ဖို့ ဖိတ်မံသော အမိန့်ဖြစ်သည်။ သို့သော် အဆုံးမှာတော့..... မဟာအကြံပေးက ထွက်ခွာသွားနှင့်လေပြီ။
လေ့ဖန်က ဂျန်ဝုရှီကို နန်းတွင်းဥယျာဉ်သို့ ဦးဆောင် ခေါ်လာသည်။ ညစာစားပွဲက ကျင်းပနေဆဲပင် ဖြစ်သည်။ နန်းတွင်းဥယျာဉ်က အထဲမှာ မည်သူမျှ မရှိဘဲ တိတ်ဆိတ်နေသည်။ မီးတိုင်များကို နေရာစုံမှာ စိုက်ထူထားသည်။ လရောင်နှင့် ပနံရစွာ လင်းလက်နေကြသည်။ နွေဦးသို့ မရောက်ရှိသေးပေ။ ဆောင်းတွင်းရာသီမျှသာ ရှိသေးသဖြင့် ဆီးနှင်းများက နေပြည်တော်တွင် ထူထပ်စွာ ကျဆင်းနေဆဲ ဖြစ်သည်။
ဆီနှင်း ဖြူဖြူများက ဥယျာဉ်ထဲဝယ် နေရာအတော်များများကို ဖုံးအုပ်ထားသည်။ စုပုံနေသော ဆီးနှင်းများကို လှည်းကျင်း၍ ဖယ်ရှားထားသည်။ သို့သော် သစ်ပင်သစ်ကိုင်းများတွင် ဆီနှင်းများ ပိတ်ဖုံးနေတုန်းပင်။ လရောင်က ဆီနှင်းများကြောင့် အရောင်ပြန်နေသည်။ နန်းတွင်းဥယျာဉ်က ညဘက်တွင် အေးစက်၍ တောက်ပနေသည်။
လိပ်ပြာတိုက်ပွဲက ပြီးဆုံးသွားပြီ၊ ဂျန်ရှီ ဘာလုပ်ဖို့များ စီမံထားသလဲ လေ့ဖန်က အပြုံးဖြင့် မေးသည်။ ဥယျာဉ်သို့ လာရာ လမ်းတောက်လျှောက်တွင် လေ့ဖန်က စကားစမြည် ပြောဖို့ အခါအားလျော်စွာ ကြိုးစားခဲ့သည်။ သို့သော် ဂျန်ရှီထံမှ များများစားစား ပြန်လည် တုံ့ပြန်ပြောဆိုတာကို သူ မရရှိခဲ့ပေ။ သူ၏ စိတ်ရှည်ခြင်းက ပါးလွှာလာလေပြီ။
