၆၅၄။ တန်ဖိုး ပေးဆပ်ရခြင်း (၁)

449 41 0
                                    

၆၅၄။ တန်ဖိုး ပေးဆပ်ရခြင်း (၁)

ရန်တိုင်းပြည်က အောက်ဘုံတွင် အင်အားအကြီးဆုံး တိုင်းပြည်ဖြစ်လာသည်ဟူ၍ ဆိုနိုင်သည်။ ရန်တိုင်းပြည်က စစ်တိုက်ခြင်းကို နှစ်သက်ပြီး စစ်ပွဲများစွာ အောင်မြင်ခဲ့သည်။ လွန်ခဲ့သည့် ရာစုနှစ် နောက်ဆုံး စစ်ပွဲကြီး ပြီးဆုံးသွားမှသာ သူတို့ တိုင်းပြည်နယ်နိမိတ်ကို သတ်မှတ်ပြီး စစ်ပွဲဆာလောင်ခြင်းကို တဖြည်းဖြည်း အဆုံးသတ်ခဲ့သည်။

ရန်တိုင်းပြည်က သူတို့ အင်အားကို စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခြင်းမှာ အာရုံစိုက်လာခဲ့သည်။ သူတို့လူများက တိုင်းပြည် မယိမ်းယိုင်သွားဖို့ စစ်စွမ်းရည် ပြည့်ဝအောင် လုပ်ဆောင်ထားကြသည်။

ဂျန်ဝုရှီက ဖြစ်ရပ်များကို တစိမ့်စိမ့် တွေးတောနေသည်။ မြေပုံရတနာက အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို လမ်းပြထားသော မြေပုံအစိတ်အပိုင်း ရှစ်ခုမှ တစ်ခုအပါအဝင် ဖြစ်သည်။ ဖန်ဇို၏ လက်ထဲမှာ ရှိသော မြေပုံက နန်းတော်ဆယ့်နှစ်ခု မသိရှိထားသော မြေပုံအနေဖြင့် တည်ရှိနေသည်။ မြေပုံ ၇ခုကို နန်းတော် ၇ခုက သီးခြားစီ ခွဲ၍ သိမ်းထားကြသည်။ ရိုသေလေးစားရသော အမှောင်ဘုရင်ကြီးနှင့် လွှမ်းမိုးခြယ်လှယ်လွန်းသော အမှောင်ဘုရင်ကြီး၏ တပ်စုကို သူတို့ အာခံနေခြင်းက မပြောဘဲနှင့်ပင် သိသာနေသည်။

နန်းတော်ဆယ့်နှစ်ခုက အဆုံးမဲ့ အနားယူနေသော အမှောင်ဘုရင်ကြီးအား အနှောင့်အယှက်ပေးမိခြင်းဟူသည့် ခွင့်မလွှတ်နိုင်သော ပြစ်မှု သူတို့အပေါ် ကျရောက်လာမှာကို ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် အောက်ဘုံရှိ အင်အားစုအမျိုးမျိုးကို ကြားခံအနေဖြင့် လုပ်ဆောင်ဖို့ သူတို့ လူများကို ပို့လိုက်ကြသည်။ သူတို့ မွေးမြူထားသော အင်အားစုများအား တန်ဖိုးဖြတ်မရသော မြေပုံများကို လွှဲပြောင်းပေးထားပြီး အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို တိတိကျကျ သိရဖို့ လျှို့ဝှက်သိုသိပ်စွာ လုပ်ဆောင်ခိုင်းထားကြသည်။

လတ်တလောမှာ ဂျန်ဝုရှီက မြေပုံ သုံးခုကို သိရှိထားသည်။ ဖန်ဇို့လက်ဝယ်ရှိ မြေပုံအပြင် အကြီးဆုံး ကလန်ဖြစ်သော ချင်းယန်ကလန် လက်ဝယ်ရှိ မြေပုံလည်း တစ်ခုအပါအဝင် ဖြစ်သည်။ နောက်မြေပုံတစ်ခုက နာမည်ကျော်ကြားသော ကျောင်းတော်သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သော လေညင်းကျောင်းတော်တွင် တည်ရှိနေသည်။ နမူနာ အင်အားစုနှစ်ခုကို ကြည့်ပြီး သုံးသပ်ရလျှင် နန်းတော်ဆယ့်နှစ်ခု လွှဲပြောင်းပေးထားသော အင်အားစုများက အောက်ဘုံတွင် အင်အားအကြီးမားဆုံးနှင့် ဩဇာအာဏာအပြည့်ဝဆုံးများ ဖြစ်ကြောင်း ခန့်မှန်းမိဖို့ မခက်ခဲတော့ချေ။ အင်အားချည့်နဲ့သော အင်အားစုများက မိုးကောင်းကင်အဆုံး ချောက်နက်အရေးကိစ္စမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လုံလောက်သော အရင်းအမြစ်များ မရှိကြချေ။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt