၈၇၇။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၇)
ထို့နောက် သူမ ပြန်ပြောသည် ဒီကိစ္စက တကယ်တော့ ချီတိုင်းပြည်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ အိမ်ရှေ့စံ တောင်းဆိုလို့ ချူလင်းယွဲ့ကို ကူညီ ကယ်တင်ပေးခဲ့တာ၊ ရန်တိုင်းပြည်နဲ့ ထောင်ချီသားရဲ မြို့တော်ကြားက ကိစ္စရပ်ကို လင်းအိမ်တော်က ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ ချီတိုင်းပြည်က ရန်တိုင်းပြည်ကို ရန်သူလိုမျိုး ဆက်ဆံဖို့ ပြင်ဆင်မထားပါဘူး။
ထို့နောက် ချင်ယုက ဝင်ပြောသည် ဒီကိစ္စနဲ့ ပတ်သက်လို့ မမလေး ဂျန် စိုးရိမ်ပူပန်တာကို နားလည်ပါပြီ၊ ဒီကိစ္စမှာ အိမ်ရှေ့စံ ကူညီပေးလို့လည်း အထူးတလည် ကျေးဇူးတင်ပါတယ်။
နောက်ဆုံးတွင် ကျေးဇူးအတင်ခံရသူက လေ့ချန်ဆိုသည့် သူကိုယ်တိုင် ဖြစ်နေတာကို ရုတ်တရက် သိရှိလိုက်သဖြင့် သူ အံ့အားသင့်သွားသည်။ ဒီကိစ္စပြီးသွားသည့်နောက် ထောင်ချီသားရဲမြို့တော်က ရန်တိုင်းပြည်ကို အမုန်းပွားမည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် ကိစ္စရပ်များက သူ တွေးထင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူက မသိမသာဖြင့် ဂျန်ဝုရှီ၏ တစ်ဖက်စောင်းမျက်နှာကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ သဘောပေါက်သွားလေ၏။
ဂျန်ဝုရှီက ချူလင်းယွဲ့၏ ဒဏ်ရာရခြင်းနောက်ကွယ်မှ ကိစ္စကို ဖော်ထုတ်ပေးခြင်းက သူ့အတွက် အကျိုးကျေးဇူးရရှိအောင် လုပ်ပေးခြင်းမှ တပါး အခြားအကြောင်းပြချက် မရှိမှန်း သူ သဘောပေါက်သွားသည်။
သူမ၏ စကားများက သူ့တောင်းဆိုချက်ကြောင့် သူမ လိုလိုလားလား ကူညီပေးခဲ့ကြောင်းကို ပါးပါးလေး ဖော်ပြသွားသည်။ ထိုစကားက ထောင်ချီသားရဲမြို့တော်က ရုတ်တရက် သူ့အား အကြီးအကျယ် နှစ်ခြိုက်သဘောကျသွားအောင် သိုသိုသိပ်သိပ်တမျိုး ဗြောင်ကျကျတမျိုးဖြင့် လုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထောင်ချီသားရဲမြို့တော်မှ လူများ ရန်တိုင်းပြည်ကို မည်မျှလောက်ပင် အမုန်းပွားပါစေ, အိမ်ရှေ့စံကိုတော့ သူတို့နှလုံးသားထဲကနေ ကျေးဇူးတင်နေကြလိမ့်မည်။