၅၆၈။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၇

490 55 0
                                    

၅၆၈။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၇

ပြောပါအုံး, အားလုံး လွင့်ပြယ် ဆေးလုံးက တကယ်ပဲ အဆိပ်အားလုံးကို ဖယ်ရှားနိုင်သလား၊ မုကွိုင်ဖန်ကို ကုစားနိုင်မှာလား, အဲဆေးလုံး သူ့ကို ပေးမယ်ဆိုရင်လေ ကျောက်ချူက ရုတ်တရက် မေးသည်။

ဂျန်ဝုရှီ ခေါင်းယမ်းပြသည်။ အရင်ရက်တုန်းက သူ့ကို ပေးလိုက်တဲ့ ဆေးက အားလုံး လွင့်ပြယ် ဆေးလုံးပဲ၊ ဒီဆေးလုံးက သာမန်အဆိပ်တွေကိုပဲ သက်ရောက်စေတယ်၊ မုကွိုင်ဖန် မိတဲ့ အဆိပ်က အလယ်ဘုံက လာတဲ့ အ‌ဆိပ်၊ အားလုံးလွင့်ပြယ် ဆေးလုံးက အဲအဆိပ်ကို အာနိသင်ပျက်ပြယ်စေမှာ မဟုတ်ဘူး။

ကျောက်ချူက အမြန်အဆန် သဘောပေါက်သွားပြီး ခေါင်းညိတ်၍ ထပ်မေးသည် အားလုံးလွင့်ပြယ် ဆေးလုံးတွေကို မင်း ဖော်စပ်ဖို့ အချိန် ဘယ်လောက် ယူရသလဲ။

ဂျန်ဝုရှီက ပြန်ဖြေရန် ဟန်ပြင်စဉ် ကျောက်ချူက လက်ကာပြသည် မဟုတ်ဘူး, ထားလိုက်တော့၊ မပြောတော့နဲ့၊ ငါ မသိတာပဲ အကောင်းဆုံး ဖြစ်မယ်၊ နို့မို့ဆို ငါ့နှလုံးသားလေး ဒဏ်မခံနိုင် ဖြစ်သွားလိမ့်မယ်။

အားလုံးလွင့်ပြယ်ဆေးလုံးက ဝိညာဉ်စွမ်းအားမြှင့် ဆေးလုံးထက် ပိုမို၍ ဈေးကြီးသည်။ ကြေးပြားတစ်ချပ်တောင် မရှိခဲ့ဖူးသော သူ့လို လူစားမျိုးအတွက် ဂျန်ဝုရှီ ပြန်ဖြေမှာကို ကြောက်လန့်နေမိသည်။ တစ်ရက်တည်းနှင့် ဆေးဆယ်လုံး ထုတ်လုပ်ခဲ့တယ်လို့ ဖြေနေလျှင် မည်သို့ လုပ်ရပါ့။

ဂျန်ဝုရှီက လေမဖြုန်းရန် ဆုံးဖြတ်လိုက်သည်။

လေညင်းကျောင်းတော် ဂိတ်ပေါက်ရှေ့တွင် ရောင်းချခဲ့သည့် မိုးကောင်းကင်ကို ဖီဆန်သော ဆေးလုံးများကို တစ်လတည်းဖြင့် အလုံးတစ်သိန်း ထုတ်လုပ်ခဲ့သည်ဟူ၍သာ ကျောက်ချူ သိလျှင်.....

ကျောက်ချူ တုန်လှုပ်လွန်းအားကြီးသဖြင့် နေရာမှာတင် ချက်ချင်း သေသွားနိုင်သည်။

ဂျန်ဝုရှီ၏ ဆေးလုံးများကို လေလံတင်ဖို့ တစ်သုတ်ပြီး တစ်သုတ် ယူဆောင်လာသည်။ တန်ဖိုးလည်း မြင့်သထက် မြင့်လိုက်လာသည်။ တစ်ယောက်ယောက်က ပုံအောဖြုန်းဖို့ ပိုက်ဆံပါလာလျှင်, လေလံစစ်ပွဲကို ပါဝင်ဆင်နွှဲနိုင်သည်။ လေလံအိမ်တော်အတွင်းရှိ ပြင်းထန်သော လေထုက အချိန်ကြာလာသည်နှင့် အမျှ တစတစနှင့် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ လေလံပစ်သူသည်လည်း စကားများကို အော်ဟစ်ပြောဆိုလာရတော့သည်။ အဆက်မပြတ် စီးဆင်းနေသော မြစ်လို, စိတ်တွင်းခံစားချက်များကို မပြတ် ထိုးနှက်လျက်, လူအုပ်ကြီးအား လေလံဈေး အမြင့်သို့ ဆွဲခေါ်သွားသည်။ လူအုပ်ကြီး သူတို့ ပိုက်ဆံများကို ၎င်းလေလံပစ္စည်းများအတွက် သုံးပစ်ရမှာကို မနှမြောကြချေ။ လေလံပစ္စည်းကို သူတို့ ပိုင်ဆိုင်သွားကြလျှင် စိတ်လှုပ်ရှားသဖြင့် မျက်နှာများ တွန့်တက်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now