၈၉၃။ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ခြင်း(၁)
ပြီးတော့ တရားမမျှတတဲ့ နာကျင်ခံစားရခြင်းအားလုံးအတွက် သူက လက်စားချေတတ်သူ ဖြစ်တယ်၊ ခမည်းတော်က သူ့ကို သတ်ဖြတ်မယ်ဆိုတာသာ သူ သိသွားတာနဲ့, သူက လက်ဦးမှု ရယူပြီး တိုက်ခိုက်လိမ့်မယ် လေ့ချန်၏ မျက်လုံးများက စဉ်းလဲကောက်ကျစ်သော အပြုံးဖြင့် တောက်လောင်နေလေ၏။ သူ၏ ဂျန်ရှီအပေါ် လုံးဝဥဿုံ ယုံကြည်ခြင်းက သိပ်မကြာခင်မှာ ထိုလူကို နန်းပလ္လင်ထက်မှ ကန်ချနိုင်တော့မည့်အလား မြင်ယောင်မိစေသည်။
ဝမ်ယုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ဂျန်ရှီက မြင့်မားသော အရည်အချင်းကို ပိုင်ဆိုင်ထားကြောင်း သူ သတိပြုမိသည်။ လွန်လွန်ကဲကဲအားဖြင့် မွန်းစတားဆန်သည်ဟု သတ်မှတ်လို့ ရသည်။ သို့ပင် ဖြစ်သော်ငြား..... သူက အခုမှ အသက်ငယ်ငယ်လေးသာ ရှိသေးသည်။ သူက တိုင်းပြည်အုပ်ချုပ်သော ရှင်ဘုရင်နှင့် ပြိုင်ဆိုင်နိုင်ပါမည်လော။
နန်းတွင်းသို့ ပြန်လာရလျှင်..... ဘုရင်ကြီးက အလွန်အမင်း ပျာယာခတ်နေသည်။ နန်းတွင်းစာကြည့်ခန်းထဲတွင် သူ အငြိမ်မနေနိုင်ဘဲ ဟိုဒီ လှည့်ပတ်နေမိသည်။ အနက်ရောင်ဝတ်စုံရှင်က နန်းတွင်းစာကြည့်ခန်းတွင် ပေါ်လာလေ၏။ ဘုရင်ကြီး၏ ကြောက်ရွံ့၍ ပျာယာခတ်နေသော အမူအရာကို သူ တွေ့မြင်ရချိန်မှာ, သူ စကားတစ်ခွန်းကိုမျှ မပြောရဲတော့ချေ။
ဘုရင်ကြီး၏ နှလုံးသားက အဆုံးသတ်မရှိ ပျာယာခတ်နေသည်။ တော်ဝင်လက်စွပ် ပိုင်ဆိုင်သူက တကယ် တည်ရှိနေလိမ့်မည်ဟူ၍ သူ မတွေးထင်မိခဲ့ပေ။
အရင်ဘုရင်ကြီး နတ်ရွာစံသွားတာလည်း ကြာခဲ့ပြီ။ နတ်ရွာစံ ဘုရင်ကြီး၏ အမိန့်ပြန်တမ်းက မယ်တော်ကြီး၏ လက်ထဲမှာ တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းအမိန့်ပြန်တမ်းကို လုယူပြီး ဖျက်ဆီးပစ်ဖို့ ဘုရင်ကြီး မကြံစည်ခဲ့သည်ကား မဟုတ်ပေ။ သို့သော် သူ ထိုသို့ မလုပ်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘာ့ကြောင့်နည်း။ မယ်တော်ကြီး ပတ်လည်မှာ စွမ်းအားကောင်းသော ကျွမ်းကျင်ပညာရှင် သက်တော်စောင့်များ ရှိနေကြပြီး ၎င်းသက်တော်စောင့်များ၏ စွမ်းရည်က ဘုရင်ကြီး၏ ကိုယ်ပိုင် သက်တော်စောင့်များ မီနိုင်သော တစ်စုံတရာ မဟုတ်သောကြောင့်ပင် ဖြစ်သည်။