၇၆၁။ မီးဝိညာဉ် လေလံအိမ်တော်(၄)

290 31 1
                                    

၇၆၁။ မီးဝိညာဉ် လေလံအိမ်တော်(၄)

ဘယ်လောက်တောင် ချောလိုက်တဲ့ ယောက်ျားလဲ မိန်းမချောလေးက အလွန်တရာ ဆွဲဆောင်နိုင်သော မြင်ကွင်းကြောင် သက်ပြင်းချလျက် တအံ့တဩ ပြောလိုက်သည်။

လင်းရီ, ဒီလို ကောင်မျိုးက နင့်မျက်လုံးကို ဆွဲဆောင်နိုင်သွားတာလား လူငယ်၏ လေသံက အနည်းငယ် မနာလိုဟန် ရသည်။ သို့သော် သူ့အမူအရာက အထင်သေးခြင်းကို ဖုံးကွယ်ထားသည်။

ချူလင်းယွဲ့က လူငယ်ကို ဖျတ်ခနဲ ကြည့်၍ မျက်ခုံးတစ်ဖက် ပင့်၍ စိန်ခေါ်ဟန်ဖြင့် ပြောသည် ငါ့မျက်လုံးတွေ မမှားဘူး၊ အဲမိန်းမတွေ အကုန်လုံး အဲယောက်ျားတစ်ယောက်တည်းကိုပဲ ကြည့်နေတာ နင် မတွေ့ဘူးလား။

လူငယ် သုန်မှုန်သွားကာ နောက်မိန်းကလေး တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ၎င်းမိန်းကလေးက သူမထိုင်ခုံတွင် ခါးဖြောင့်ဖြောင့်ထား၍ ထိုင်နေသည်။ သူမက အနည်းငယ် မေးမော့ထား၏။ သူမ၏ လှပသော အသွင်အပြင်က ချူလင်းယွဲ့၏ ချစ်စရာမျက်နှာနှင့် နှိုင်းယှဉ်လိုက်လျှင် အေးစက်စက်လေးဖြင့် တမူ ထူးခြားနေသည်။ ထို့ကြောင့် သူမအနားသို့ လူများ မကပ်ရဲကြချေ။

တို့ အမကြီး ဖူက သူ့ကို ကြည့်တောင် မကြည့်ဘူး၊ သူက ကြည့်ကောင်းတယ်လို့ ဘယ်သူ ပြောလဲ လူငယ်က ခွန်းတုံ့ပြန်သည်။

ချူလင်းယွဲ့က လူငယ်ကို စူးစူးရဲရဲ ကြည့်၍ တစ်ဖက်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ဖူရွှမ်ထံ ဖြတ်သွားလိုက်သည်။ အမကြီးဖူ, နင် အဲယောက်ျားကို ကြည့်ပြီး ငါ့ကို ပြောပြနိုင်မလား, သူ အရမ်း ဆွဲဆောင်နိုင်သလား ဘာလားပေါ့။

ဖူရွှမ်က ချူလင်းယွဲ့ လက်ညှိုးညွှန်ပြသော နေရာသို့ မျက်လုံး ဝေ့ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူမ၏ တည်ငြိမ်သော မျက်လုံးများတွင် လှိုင်းထသွားလေ၏။ သူမနှလုံးသားလေး တုန်ယင်သွားရသည်။

သူ အရမ်း ကြည့်ကောင်းတယ်မို့လား ဖူရွှမ် မတုံ့ပြန်သဖြင့် ချူလင်းယွဲ့က မမေးဘဲ မနေနိုင်တော့ပေ။

ဖူရွှမ်က သူ့နှလုံးခုန်နှုန်းကို တစ်ဝက်တစ်ပျက် ပြန်ရုပ်သိမ်း၍ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now