၅၉၇။ ၇ခုမြောက် ရိုက်ချက်-၄

583 54 0
                                    

၅၉၇။ ၇ခုမြောက် ရိုက်ချက်-၄

ဒီကိစ္စကို သိုသိုသိပ်သိပ် ဖြေရှင်းဖို့လား။

ဝမ်းနည်းပါတယ်။ ဒီကိစ္စကို သူမ သိုသိုသိပ်သိပ် တံခါးပိတ်ပြီး ဆွေးနွေးဖြေရှင်းဖို့ ပြင်ဆင်မထားပေ။

မည်သူမဆို ရူလင်းစစ်တပ်အပေါ် ညစ်ပတ်ဝံ့လျှင်, သူတို့ အသက်ဖြင့် ပြန်လည် ပေးဆပ်ရလိမ့်မည်။

ဖန်ချီက ဂျန်ဝုရှီအား ပြန်လည် ဖြေရှင်းဖို့ စကားအစ ရှာမရတော့ပေ။ သူက ဒီကိစ္စကို လျှို့ဝှက်သိုသိပ်စွာ ဖြေရှင်းဖို့ အစက ရည်ရွယ်ထားခဲ့သည်။ စကားတစ်ခွန်းမျှ အပြင်သို့ မပျံ့နှံစေလိုခဲ့ပေ။ ဒီကိစ္စသာ အပြင်သို့ ပေါက်ကြားသွားခဲ့လျှင်, လေညင်းကျောင်းတော်၏ ဂုဏ်သိက္ခာက ပျောက်လွင့်သွားလိမ့်မည်။ ကံမကောင်းသဖြင့်... တခြားတစ်ဖက်က ထိုသို့ လုပ်မည့် အခွင့်အရေးကို လုံးဝပင် မပေးထားခဲ့ချေ။

ဂျန်ဝုရှီ၏ တင်းမာပြတ်သားသော ရပ်တည်ချက်နှင့် ရင်ဆိုင်လိုက်ရသော ဖန်ချီက သူမရှေ့မှာ ကူကယ်ရာမဲ့သွားရသည်။

တစ်ရာကျော်သော ရူလင်းစစ်သားများက လေညင်းကျောင်းတော် ဂိတ်တံခါးရှေ့တွင် တန်းစီ ရပ်နေကြသည်။ သူတို့က သူတို့ဓားရိုးများအပေါ် သူတို့လက်များကို အဆင်သင့် ဆုပ်ကိုင်ထားကြသည်။ ဖန်ချီ ဆန့်ကျင်ဘက်လုပ်ပါက ဓားများကို ချက်ချင်း ဆွဲထုတ်ပြီး တုံ့ပြန်ရန် အသင့်ပြင်ထားပုံပင်။

လေညင်းကျောင်းတော်က အလွန်အမင်း ကျော်ကြားပြီး ဂုဏ်သိက္ခာမြင့်မားသည်။ သို့သော် တကယ်တော့ သူတို့က အထူးအားဖြင့် ပညာရေးလိုက်စားသူများသာ ဖြစ်ကြသည်။ တိုက်ခိုက်ရေးအနေဖြင့် သူတို့က ရူလင်းစစ်တပ်နှင့် ရင်ဆိုင်နိုင်မည် မဟုတ်ကြပေ။

ရူလင်းစစ်သားများက တစ်ရာကျော်မျှသာ ရှိသော်ငြား လေညင်းကျောင်းတော်ကို အမြစ်ဖြတ် ချေမှုန်းသုတ်သင်ဖို့ စစ်ရေးစစ်ရာ ပြည့်ဝမာကျောနေသော သူတို့အဖို့ ခက်ခဲသော အရာ မဟုတ်ချေ။

ဖန်ချီ့နဖူးပြင်မှ ချွေးသီးများ ကျဆင်းလာသည်။ ဒီလောက် ငယ်ရွယ်သော မိန်းကလေးက သန်မာသော ဖိနှိပ်အော်ရာကို ပေးစွမ်းနိုင်မည်ဟု သူ မျှော်လင့်မထားမိပေ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang