၇၉၉။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၈)
လေညင်းကျောင်းတော်က ပထမနေ့မှာတင် ၎င်း၏ ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ပြန်လည် ရရှိသွားသည်။ ချက်ချင်းပင် သူတို့ကို လူတိုင်း စိတ်ဝင်စားသွားကြသည်။ သူတို့က အမြင့်ဆုံး မိုးကောင်းကင်မှ နိမ့်ဆင်းကျသွားပြီး သူတို့ကို လူတိုင်း အထင်သေးထားကြသည်။ သို့သော် ပထမနေ့မှာတင် လူတိုင်း၏ မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခဲ့သည်။
ပထမအကျော့ ပြိုင်ပွဲ ပြီးသွားသဖြင့် နောက်တစ်နေ့မှာ ဟွာယောင်းတို့က အားလပ်ချိန် ရသွားကြသည်။ ပြိုင်ပွဲ ဒုတိယအကျော့ မစတင်ခင် သူတို့ အားလပ်ချိန်ကို သူတို့ အလိုရှိသလို အသုံးချခွင့် ရထားကြသည်။
နောက်တစ်ရက်တွင် ဂျန်ဝုရှီ ပြိုင်ပွဲဝင်ရမည့် နေ့ဖြစ်သည်။ သို့သော်ငြား မျှော်လင့်မထားသော အခြေအနေက ပထမတိုက်ပွဲကွင်းပြင်တွင် ဖြစ်ပွားလာခဲ့သည်။
ပုံမှန်အားဖြင့် ပထမအကျော့ ပြိုင်ပွဲများက နှစ်ရက်အတွင်းမှာ ပြီးပြတ်သွားရမည် ဖြစ်သည်။ သို့သော် မည်သို့မှန်း မသိဘဲ စွမ်းအားချင်း သာတူညီမျှဖြစ်သော ပြိုင်ပွဲဝင် လူငယ်များက သူတို့ ပြိုင်ပွဲများကို အချိန်ဆွဲကာ ယှဉ်ပြိုင်နေကြသည်။ ပထမနေ့မှာ ပွဲစဉ် ၁၂ပွဲသာ ပြီးပြတ်သွားသည်။ ထို့ကြောင့် နောက်ဆုံးမှ ယှဉ်ပြိုင်ရမည် ဖြစ်သော ဂျန်ဝုရှီအတွက် ဒုတိယနေ့မှာ ယှဉ်ပြိုင်ရမည့် အခွင့်အရေး မရပြန်တော့ပေ။
သူမ အလှည့်လည်း မရောက်သေးသလို, မြို့ထဲမှာလည်း လှည့်ပတ် မကြည့်လိုသဖြင့် သူမက ထာဝရအမိုးခုံး တည်းခိုအိမ်သို့ ပြန်လာကာ ဆေးဖော်စပ်ရင်း အချိန်ဖြုန်းလိုခဲ့သည်။ သို့သော် မျှော်လင့်မထားစွာ, လေ့ချန်က နောက်တစ်ကြိမ် သူတို့အုပ်စုကို ဖိတ်မံလာပြန်သည်။ ဒီတစ်ကြိမ်က စားသောက်ဖို့ မဟုတ်ဘဲ, ရေကန်ရှုခင်းကို ကြည့်ရှုဖို့ ဖြစ်သည်။
ပြီးခဲ့သည့် ည, ညစားစားပြီးနောက်, လေ့ချန်က နောက်ဆုံးတွင် ဂျန်ဝုရှီက သူ့အပေါ် သဘောထား ပျော့ပြောင်းလာကြောင်း ခံစားမိသွားသည်။ တခြားလေညင်းကျောင်းသားများလည်း သူ့အပေါ် ယဉ်ကျေးပျူငှာလာတာကို သူ သိမြင်လာသည်။ ထို့ကြောင့် သူက သူတို့၏ ဆက်ဆံရေးကို ပိုမို နီးစပ်စေရန် ဆက်လက် ကြိုးစားသည်။ တခြားအင်အားစုများမှ လူများ သူတို့ လက်မလှမ်းခင် သူ့ပစ်မှတ်ကို စိတ်ချရစေဖို့ သူ ဆုံးဖြတ်ထားသည်။
