၆၅၃။ ငါ့လူနာကို မရှုပ်နဲ့ (၅)
ဒီကိစ္စက မုကွိုင်ဖန် ထင်းရှာထွက်တုန်းက ဖြစ်ပျက်ခဲ့သည်။ သူက မတော်တဆ သူတို့ ရှိသော နေရာကို ဖြတ်ကျော်မိသွားသည်။ မမျှော်လင့်မိတာက သူတို့အုပ်စုက သူတို့ အစီအစဉ်များကို တောအုပ်ထဲမှာ ဆွေးနွေးတိုင်ပင်နေကြသည်။ လတ်တလော အရှိန်တက်လာသော အုပ်စုခေါင်းဆောင်က မုကွိုင်ဖန်ကို မြင်ချိန်မှာ သူ မည်မျှလောက် ကြားသွားသလဲ, မစဉ်းစားတော့ဘဲ သူတို့ကိစ္စ ပေါက်ကြားသွားမှာကိုသာ စိုးရိမ်လျက် မုကွိုင်ဖန်အား လိုက်လံ၍ နှုတ်ပိတ်ခိုင်းလိုက်သည်။
ကနဦးအနေဖြင့် ဂျန်ဝုရှီ ရရှိခဲ့သော သွေးနံ့က မုကွိုင်ဖန်ထံမှ ဖြစ်သည်။ ကြောင်နက်လေးသာ အချိန်မီ ရောက်ရှိမသွားလျှင် မုကွိုင်ဖန် ခုလောက်ဆို ဖန်ဆင်းရှင်နှင့် တွေ့နေလောက်ပြီ ဖြစ်သည်။
နင်တို့ ဘာတွေ ဆွေးနွေးနေကြတာလဲ ဂျန်ဝုရှီ မေးသည်။
မြားသမားက ဘာမျှ ဖုံးဝှက်မထားရဲသဖြင့် တတွတ်တွတ် ပြောသည် ကျုပ်.... ကျုပ်တို့က တကယ်တော့ ရန်တိုင်းပြည်ကပါ၊ ကျုပ်တို့ သခင်က မိုးကောင်းကင်အဆုံး ချောက်နက်ကို လာရောက် စူးစမ်းခိုင်းလိုက်လို့ပါ၊ ကျုပ်တို့ မိုးကောင်းကင်အဆုံး ချောက်နက်ထဲ ဆင်းဖို့ ခရီးစဉ်ကို ဆွေးနွေးတိုင်ပင်နေကြတာပါ၊ အဲအချိန်မှာ....
(မိုးကောင်းကင်အဆုံး ချောက်နက်လား။)
ဂျန်ဝုရှီ နှလုံးခုန်သွားသည်။
နင်တို့ မိုးကောင်းကင်အဆုံး ချောက်နက်ထဲ ဘာသွားလုပ်ကြမလို့လဲ ဂျန်ဝုရှီက အေးစက်စက် မေးသည်။
ဒါ... ဒါကိုတော့ ကျုပ်တို့ မသိရပါဘူး... ကျုပ်တို့လို နိမ့်ကျတဲ့ လူတွေက ဒီလိုကိစ္စမျိုးကို မသိနိုင်ကြပါဘူး၊ ကျုပ်တို့ရဲ့ အသေးစိတ် အစီအစဉ်ကို သိသူဆိုလို့ ခေါင်းဆောင်တစ်ယောက်တည်းသာ ရှိတာပါ၊ သူက အဲအကြောင်း ဘာမှ မယ်မယ်ရရ မပြောထားပါဘူး.... မြားသမားက ထိုသို့ ပြောနေရင်း သူ့ခေါင်းကို မြေပြင်သို့ အကြိမ်ပေါင်းများစွာ ထိကပ်၍ ဦးညွတ်နေသည်။ သူ့အသက်ကို လွှတ်ပေးဖို့ ဂျန်ဝုရှီအား တောင်းပန်နေခြင်းပင် ဖြစ်သည်။