၆၇၀။ သေရေး ရှင်ရေးကာလ (၁)

455 42 0
                                    

၆၇၀။ သေရေး ရှင်ရေးကာလ (၁)

လော့မဲ့မဲ့က သနားစဖွယ် အော်မြည်၍ ရုတ်တရက် ဂျန်ဝုရှီသို့ ခုန်ဝင်ကာ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးဖြင့် အစွမ်းကုန် ကာကွယ်ပေးလိုက်သည်။ ဂျန်ဝုရှီကို သူမ၏ တည်နေရာမှ အဝေးသို့ ဖယ်ရှားပစ်လိုက်သည်။

အစိမ်းရောင်မီးလုံးက လော့မဲ့မဲ့၏ ခန္ဓာကိုယ်လေးကို ချက်ချင်း ထိမှန်သွားလေ၏။ ၎င်းမီးလုံးက လော့မဲ့မဲ့၏ ခန္ဓာကိုယ်လေး တစ်ခုလုံးကို လွှမ်းခြုံ၍ တစ်ခဏချင်း လောင်းကျွမ်းလာသည်။ သူ၏ အဖြူရောင်အမွှေးများ အားလုံး လောင်ကျွမ်းပြီး သူ့ခန္ဓာကိုယ်လေးက အနက်ရောင် ဖြစ်သွားသည်။

လော့မဲ့မဲ့ မီးလောင်ကျွမ်းပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတာကို မြင်ရလျှင် ဂျန်ဝုရှီ နှလုံးသား ခုန်ပေါက်သွားသည်။ သူမ ချက်ချင်းပင် လော့မဲ့မဲ့ထံ အလျင်အမြန် ပြေးသွား၍ ပွေ့ဖက်လိုက်သည်။ မီးလောင်သွားသည့် အပူချိန်က သူမလက်အား ပူလောင်စေတာကို သူမ လုံးဝ လျစ်လျူရှူထားသည်။ သနားစရာ သိုးငယ်လေးကို သူမ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

မြူထုထဲမှ ကျယ်လောင်စွာ ပေါက်ကွဲသံ ဟိန်းထွက်လာသည်။

ဂျန်ဝုရှီ တိုက်ခိုက်ခံရတာကို တွေ့မြင်ရလျှင် ကျောက်ချူတို့ အားလုံး ရုတ်တရက် အပြေးရပ်၍ ဂျန်ဝုရှီထံ အပြေးအလွှား လာကြသည်။

သူတို့ ဂျန်ဝုရှီထံ ရောက်ခါနီးလေးမှာ မယုံကြည်နိုင်ဖွယ် အားကောင်းလွန်းသော လေပြင်းက သူတို့အားလုံးကို တိုက်ခိုက်လာသည်။ သူတို့အားလုံး မထိန်းချုပ်နိုင်တော့ဘဲ လေထဲသို့ ပါသွားပြီး အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားကြလေ၏။

ရှီလေး..............

ကျောက်ချူ မျက်လုံးများ ပြူးကျယ်သွားသည်။ ရက်စက်သော လေပြင်းမုန်တိုင်းကြားထဲမှာ သူ အော်ဟစ်လိုက်သည်။ ကြမ်းကြုတ်သော လေပြင်းကြောင့် ဂျန်ဝုရှီ လွင့်ပျံထွက်သွားပြီး ဝေးကွာသော မြူထုထဲမှာ ပျောက်ကွယ်သွားသည် မဟုတ်လော။ လူတိုင်းလည်း နည်းတူပင် မြူထုထဲမှာ ဝေးကွာ၍ ပျောက်လွင့်သွားကြလေ၏။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang