၂၇၇။ “အယောင်ဆောင်ခြင်း - ၃”
“မင်းတို့အားလုံး အလုပ်ပြီးပြီလား” အပြည့်အဝ လန်းဆန်းနေသည့် တပည့်တစ်ယောက်က စုတ်ပြတ်နေပြီး ပင်ပန်းမောဟိုက်နေသည့် လူငယ်အုပ်စုကို ကြည့်ပြီး မေးသည်။ သူ့နှုတ်ခမ်းများမှာ မိစ္ဆာဆန်ဆန် အပြုံး ရှိနေသည်။
လူငယ်များက သူတို့ ခေါင်းများကို ငုံ့ထားကြသည်။ သူတို့က အသံမထွက်ရဲကြချေ။
“အရှုံးသမားအုပ်စုပဲ၊ မင်းတို့က ရိုးရိုးတန်းတန်း တာဝန်ကိုတောင် ပြီးစီးအောင် မလုပ်နိုင်မှတော့ မနက်စာကိုလည်း မေ့ထားလိုက်ကြတော့၊ အခု, သွားကြတော့, စည်ပိုင်းထဲက ရေယူပြီး အပင်တွေကို ရေလောင်းကြ” စုတ်ပြတ်နေပြီ ဖြစ်သည့် လူငယ်များကို နားခွင့်ပင် မပေးဘဲ သူတို့ကို ထပ်မံ၍ နှိပ်စက်သည်။
ထို့နောက် ထိုလူငယ်များ၏ ပါးစပ်များမှ ကန့်ကွက်လိုသည့် အသံများက ဆူညံထွက်လာသည်။
“အကိုကြီး, ငါတို့က ပင်ပန်းလို့ သေကြတော့မယ်၊ ငါတို့ ညကလည်း နည်းနည်းလေးတောင် မအိပ်ခဲ့ကြရဘူး... ငါတို့ ခဏလောက် အိပ်ပြီးမှ လုပ်ကြမယ်လေ” ရဲရင့်သော လူငယ်တစ်ယောက်က သူတို့အတွက် အသနားခံသည်။
နောက်တစ်ခဏတွင်, ထိုစကားပြောပြီးလို့မှ မကြာခင်မှာပင်, တိမ်ဖုံးတောင်ထွတ်တပည့်က ပြေးလာကာ သူ့ဗိုက်ကို ကန်ထည့်လိုက်သည်။ အားနည်းနေသည့် လူငယ်က နှစ်ဆတက် လွင့်ပျံသွားပြီး ကြမ်းပြင်ပေါ် ဗုန်းခနဲ ပြုတ်ကျသွားကာ နာကျင်စွာ အော်ဟစ်နေတော့သည်။
“ပျင်းလိုက်တဲ့ ကောင်တွေကွာ, တိမ်ဖုံးတောင်ထွတ်စည်းကမ်းကို မင်းတို့ ဝင်ရောက်လာပြီဆိုကတည်းက နာခံရကြရမယ်၊ မနာခံချင်ရင် ထုပ်ပိုးပြီးတော့ ပြန်ကြတော့” တိမ်ဖုံးတောင်ထွတ်တပည့်က တစ်ယောက်ချင်းစီကို အထင်အမြင်သေးဟန်ဖြင့် လှည့်ပတ်ကြည့်ပြီး အေးစက်စက် ရယ်လိုက်သည်။ သူ့မျက်လုံးများမှ ကြမ်းကြုတ်ရက်စက်သည့် အကြည့်က လူသားနှင့်ပင် မတူတော့ချေ။