၅၀၀။ "အိမ်လွမ်းနာ-၃"

707 57 5
                                    

၅၀၀။ အိမ်လွမ်းနာ-၃

မြို့စားကြီးနှင့် သခင်ကြီးတို့က သူတို့၏ ဝမ်းနည်းပူဆွေးခြင်းကို မပြသကြသော်လည်း, သူတို့ နှစ်ယောက်က ဂျန်ဝုရှီအား သေမလောက် အောက်မေ့လွမ်းဆွတ်နေတာကို လောင်ချီ ကောင်းကောင်း သိသည်။

လောလောဆယ် မပြန်သေးဘူး ဂျန်ဝုရှီက ခေါင်းယမ်းပြသည်။

လောင်ချီက တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် မပြောရန်သာ ဆုံးဖြတ်လိုက်သည်။

ကျောက်ချူတို့က ဂျန်ဝုရှီ တိတ်ဆိတ်နေတာကို တွေ့မြင်၍ ဂျန်ဝုရှီအတွက် သူတို့ နှလုံးသားများ နာကျင်သွားရသည်။

လောင်ချီနှင့် သူ့လူများက ဂျန်ဝုရှီ အိမ်ပြန်ဖို့ ငြင်းဆိုရခြင်း အကြောင်းကို မသိကြချေ။

သို့သော် ဂျန်ဝုရှီ၏ မိတ်ဆွေများက အကြောင်းတရားကို ကောင်းကောင်း သိကြသည်။ ဒါက သူမမှာ ရှိနေသော ဆီးနှင်းကြာပန်းလေး ဖြစ်သည်။ သူမကို နန်းတော် ၁၂ခုက အချိန်မရွေး ရှာတွေ့သွားနိုင်သည်။ ရှာတွေ့သွားခဲ့လျှင်တော့ အိပ်မက်ဆိုးကြီး စတင်လိမ့်မည်။

ရှားပါးစာရင်းဝင် အပင်အမျိုးအစား လက်စွပ်ဝိညာဉ်က နန်းတော် ၁၂ခုမှ မိစ္ဆာကြီးများကို သတိပေးဖို့ လုံလောက်သော အကြောင်းပြချက် ဖြစ်၏။ သူတို့ ဆီးနှင်းကြာပန်းကို ရှာဖွေဖို့ အောက်ဘုံသို့ ဆင်းလာသည်နှင့် ဂျန်ဝုရှီ အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေး ရရှိနိုင်မည် မဟုတ်တော့ပေ။ စွမ်းအားကြီး ရူလင်းစစ်တပ် ကာကွယ်ပေးလျှင်တောင် မဖြစ်နိုင်တော့ပေ။ နန်းတော် ၁၂ခုက ဂျန်ဝုရှီ, သူမမိသားစုနှင့် ရူလင်းစစ်တပ် ဒီအရာအားလုံးကို အကြွင်းအကျန်မရှိ ဖျက်ဆီးပစ်လိမ့်မည်။

ကျောက်ချူတို့က နန်းတော် ၁၂ခု၏ ငဲ့ညှာခြင်းမရှိ ကြမ်းကြုတ်ရက်စက်ခြင်းကို ကိုယ်တိုင် တွေ့ကြုံခံစားထားရသဖြင့် နန်းတော် ၁၂ခုက သနားညှာတာလိမ့်မည်ဟု တစ်ခဏလေးပင် မယုံကြည်ကြပေ။

ဂျန်ဝုရှီ၏ ရွေးချယ်မှုက လင်းအိမ်တော်နှင့် ရူလင်းစစ်တပ် ပျက်စီးမှုကို ကာကွယ်ရန် ရည်ရွယ်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora