၄၅၁။ တိုက်ပွဲ တောအုပ်-၁
အတော် ညဉ့်နက်နေပြီမို့ တိုက်ပွဲတောအုပ်က မဲမှောင်နေ၏။ ဂျန်ဝုရှီနှင့် သူ့အဖွဲ့က မီးတုတ်များကို ကိုင်လျက် တောထဲ တိုးဝင်နေ၏။ မီးတုတ်အလင်းရောင်ကြောင့် သူတို့ လမ်းကြောင်းပေါ်ရှိ သစ်ပင်ကြီးများ ပေါက်ပင်များကို မြင်ကြရသည်။
လိပ်ပြာသားရဲများ၏ အော်ဟစ်သံများကို ညအမှောင်ယံဝယ် တစ်ခါတရံ ကြားနေရသည်။ တိတ်ဆိတ်ငြိမ်သက်သော ညတွင် တောအုပ်မှ နားလည်ခက်သော အသံက နေရာတစ်ခုလုံးကို ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းအောင် လုပ်နေပုံပင်။
ကျောက်ချူလက်တွင်းရှိ မီးတုတ်က လင်းထိန်နေသည်။ သူက အကြိမ်ပေါင်းများစွာ မီးတုတ်ကို ဝှေ့ယမ်းနေ၏။ သူတို့ ပတ်ပတ်လည်ရှိ အပင်ကြိုအပင်ကြားများမှာပါ မြင်ကွင်းရှင်းစေရန် ဖြစ်သည်။ သူက သူ့လက်ထဲရှိ မြေပုံကို အတော်ကြာအောင် အာရုံစိုက်ကာ ကြည့်နေသည်။ နောက်ဆုံး သူ အရှူံးပေးလိုက်တော့သည်။
အင်း... ဒါကို မြေပုံလို့ ခေါ်သတဲ့လား၊ ဘယ်သူ ကြည့်တတ်မှာလဲ ကျောက်ကျူက မြေပုံကို မနှစ်မြို့ဟန်ဖြင့် သူ့အိတ်ကပ်ထဲ ပြန်သိမ်း၍ သူ့အပေါင်းအသင်းများအား ပုံကြီးချဲ့ကာ ပြောသည်။
ဖန်ဂျင်က သည်တောအုပ်သို့ အကြိမ်များများ ရောက်ဖူးပြီး ဖြစ်၏။ ကျောက်ချူပြောတာကို သူ ကြားလျှင် ရယ်မော၍ ပြောသည် ဒီမြေပုံက ငါတို့ အဓိက သွားရမဲ့ လမ်းကြောင်းလောက်ကိုသာ ပြသထားတာ၊ ပြီးတော့... အခု ညနက်နေပြီလေ၊ မြင်ကွင်း မရှင်းတော့ဘူး၊ ငါတို့မှာ မြေပုံတစ်ချပ်ရှိပေမဲ့, ငါတို့ လမ်းကြောင်းကို ကောင်းကောင်း မြင်နိုင်တော့တာမှ မဟုတ်တာ၊ ဘာလို့ အရင်ဆုံး ငါတို့ အိပ်ဖို့ နေရာ မရှာရတာလဲ၊ မနက်မိုးလင်းတဲ့အထိ ငါတို့ စောင့်ကြတာပေါ့၊ နေထွက်လာရင် အမဲလိုက်ဖို့ ငါတို့အတွက် အချိန်တွေ တပုံတပင် ကျန်ပါသေးတယ်။
ဖန်ဂျင်က သူတို့ထက် အနည်းငယ် အသက်ပိုကြီးသည်။ သူတို့ထဲမှာ သည်တောအုပ်သို့ ရောက်ဖူးသော တစ်ဦးတည်းသော လူလည်း ဖြစ်သည်။ ထို့ကြောင့် ကျန်သူများက သူ့ကို အလိုလို ကြည့်မိကြသည်။ သူသည်သာ တောအုပ်အတွင်း လှုပ်ရှားရမည့် နည်းလမ်းကို အကြံပေးသူ ဖြစ်သည်။