၈၃၄။ စတုတ္ထမင်းသားလေး (၁)

323 33 1
                                    

၈၃၄။ စတုတ္ထမင်းသားလေး (၁)

လိပ်ပြာတိုက်ပွဲ၏ နောက်အကျော့အချို့တွင် ဂျန်ဝုရှီက သူမ၏ စိုးမိုးခြယ်လှယ်နိုင်သော စွမ်းအားဖြင့် သူမ၏ ပြိုင်ဘက်များကို အနိုင်ယူလိုက်သည်။ မည်သူမျှ သူမ၏ တစ်ချက် တိုက်ကွက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ ပင်ကိုယ်အားဖြင့် အသက်တစ်ရှိုက်စာအတွင်းမှာပင် ပြိုင်ဘက်များက စင်ပေါ်မှ လွင့်စင်ကျကုန်သည်။

ဂျန်ဝုရှီက ကြမ်းတမ်းသော တစ်ကွက်တည်းဖြင့် အနိုင်ယူပြခြင်းကြောင့် အစောပိုင်း လက်လွှတ်အရှုံးသွားသူများနှင့် သူတို့ မည်သို့မျှ ခြားနားမှု မရှိတော့ကြောင်း လူငယ်များ ခံစားလာကြရသည်။ မျက်စိတစ်မှိတ်အတွင်း ပြိုင်ပွဲက ပြီးဆုံးသွားရသည် မဟုတ်လော။

သူတို့က ဂျန်ဝုရှီကို မြင်ချိန်မှာ ရယ်သွမ်းသွေးခြင်း, ပျက်ရယ်ပြုခြင်းများကိုပင် မပြုရဲတော့သည့် အနေအထားအထိ ဖြစ်လာသည်။ အရင်တုန်းက ဂျန်ဝုရှီကို အပြစ်ပြောခဲ့ကြသည့် လူငယ်များက အခု ဂျန်ဝုရှီကို မြင်ရချိန်မှာ ရှက်သဖြင့် ချက်ချင်းပင် ခေါင်းငုံ့ပစ်ကြသည်။ သူတို့က မျက်လုံးလှန်၍ပင် မကြည့်ဝံ့ကြချေ။ ဂျန်ဝုရှီက သူတို့ကို နေရာမှာတင် သတ်ပစ်မှာကို သူတို့ ကြောက်လန့်နေကြသည်။

တိုက်ပွဲကွင်းပြင်တိုင်းတွင် နောက်ဆုံးအနိုင်ရရှိသူ မပေါ်ပေါက်သေးမီ ပြိုင်ပွဲအကျော့ သုံးခုကျော် ကျန်ရှိသေးသည်။ အကျော့တစ်ခုပြီး တစ်ခု ပြိုင်ပွဲဝင်များ အရေအတွက် လျော့ကျလာသည်။ အနည်းငယ်မျှသော ပြိုင်ပွဲဝင်များသာ ကျန်ရစ်တော့သည်။ လိပ်ပြာတိုက်ပွဲကွင်းပြင်များတွင် ပြိုင်ပွဲဝင်များ နည်းပါးလာသော်လည်း မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေသည်။

ပြိုင်ပွဲမှ ထွက်ခွာသွားရသည့် လူငယ်များက ပွဲလာကြည့်ကြသည်။ သူတို့က ရှုံးသွားကြသော်လည်း တခြားလူများ ရေကုန်ရေခမ်း ပြိုင်ပွဲဝင်နေတာကို စူးစမ်းလေ့လာတာကို မရပ်တန့်လိုက်ကြချေ။ အမျိုးမျိုးသော တိုက်ပွဲဝင် နည်းစနစ်များကို သူတို့ အတွေ့အကြုံ ရှာဖွေလိုကြလို့ ဖြစ်သည်။ နောက်နှစ်များမှာ ကျင်းပမည့် လိပ်ပြာတိုက်ပွဲအတွက် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora