၅၆၂။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၁

563 50 0
                                    

၅၆၂။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၁

တကယ်တော့, အဲဒါ ဘယ်သူလဲ ဆိုတာ ငါတို့ တကယ်ရှာချင်ရင်, ငါတို့နဲ့ ပူးပေါင်းနိုင်တဲ့ လူတစ်ယောက် ရှိနေတာပဲ။ ဖေးယန်က ရုတ်တရက် ပြောသည်။

မုကွိုင်ဖန်ကို မင်း ဆိုလိုတာလား ရောင်းရူက မေးသည်။

ဖေးယန် ခေါင်းညိတ်ပြသည်။ မုကွိုင်ဖန် ပြောခဲ့တယ်, တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံပေးပြီး ချောက်နက်ထဲ ဆင်းပေးဖို့ သူတို့ကို ပြောခဲ့တယ်တဲ့၊ ပြီးတော့ ဇိုလေးကလည်း အမှောင်ဘုရင်ကြီးအုတ်ဂူက ချောက်နက်ထဲမှာ ရှိတယ်လို့ အတည်ပြုပေးထားတယ်၊ ဒီတော့ မုကွိုင်ဖန်ကို အလုပ်အပ်တဲ့ လူက, နန်းတော်ဆယ့်နှစ်ခုနဲ့ ချိတ်ဆက်နေတဲ့ လူနဲ့ အတူတူပဲလို့ ဆိုလိုတယ်၊ အဲလူမှာ မြေပုံတစ်ပိုင်း ရှိနေလိမ့်မယ်၊ မုကွိုင်ဖန်က ငါတို့ မျှော်လင့်ထားတာထက် ပိုပြီး တန်ဖိုးကြီးတဲ့ မိတ်ဖက် ဖြစ်လာလိမ့်မယ်၊ သူ ငါတို့ကို ချောက်နက်ထဲ ခေါ်သွားနိုင်ရုံတင် မကဘူး၊ လေညင်းကျောင်းတော်မှာ မြေပုံကိုင်ထားတဲ့ လူရဲ့ ဇာစ်မြစ်ကိုလည်း သဲလွန်စ ဖော်ပေးနိုင်လိမ့်မယ်။

ဖေးယန်က ခဏလောက် စကားပြော ရပ်ပြီး ဂျန်ဝုရှီကို လှည့်ကြည့်၍ မေးသည် ရှီလေး, မင်း မုကွိုင်ဖန်ရဲ့ အဆိပ်ကို လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်တယ်လို့ ယုံကြည်ချက် ရှိလား။

အင်း ဂျန်ဝုရှီက အသာအယာ ပြန်ပြောသည်။

ဂျန်ဝုရှီ၏ စကားတစ်လုံးတည်းဖြင့် ဖေးယန် သံသယမရှိ ယုံကြည်စိတ်ချသွားသည်။

အဲဒါ မတိုင်ခင်, ငါတို့ မိုးကောင်းကင်အဆုံး ချောက်နက်ကို သွားကြည့်ကြတာပေါ့၊ အဲဒါ ဘယ်လို နေရာမျိုးလဲဆိုတာ သိရအောင်ပေါ့၊ ငါတို့မှာ မြေပုံ အပြည့်အစုံ မရှိသေးဘူး၊ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူတည်နေရာကို အတိအကျ ငါတို့ မရှာဖွေနိုင်သေးဘူး၊ ဒါပေမဲ့ အဲနေရာအကြောင်း သိထားရင် ငါတို့အတွက် အထောက်အကူတော့ ဖြစ်လာလိမ့်မယ်။ ဟွာယောင်းက အကြောင်းသင့် ပြောပြသည်။

ဟွာယောင်းပြောတာကို လူတိုင်း သဘောတူညီကြသည်။

သူတို့ ဆွေးနွေးပွဲ သိမ်းပြီးနောက် သူတို့အားလုံး လူစုခွဲ၍ သူတို့ ကိုယ်ပိုင် အလုပ်များကို လုပ်ဆောင်ကြသည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant