၈၇၆။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၅)
ဒီနေရာမှ အဖြစ်အပျက်ကို လေ့ချန် သူ့စိတ်ထဲမှ တိတိကျကျ ခန့်မှန်းမိသည်။ သို့သော် ဒီကိစ္စရပ်က ရန်တိုင်းပြည်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ် ဖြစ်သည်။ ဒီဖြစ်ရပ်ကြောင့် ထောင်ချီသားရဲမြို့တော်က ရန်တိုင်းပြည်အပေါ် အမုန်းစိတ် မဝင်စေချင်ပေ။
လေ့ချန်က မျက်မှောင်ကြုတ်လျက် စဉ်းစားနေသည်။ သမားတော်ကြီး၏ လီ၏ စကားများလည်း သူ့ခေါင်းထဲ ပဲ့တင်ထပ်လာသည်။ သူက ထိုသမားယောင်အုပ်စုကို တကယ်တော့ မကယ်တင်လိုပေ။ သို့သော် ကိစ္စရပ်က ရန်တိုင်းပြည်နှင့် ထောင်ချီသားရဲမြို့တော်ကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ ဒီကိစ္စရပ်လေးမျှဖြင့် ဆက်ဆံရေး ဆိုးရွားသွားမှာကို သူ မလိုလားပေ။
လေ့ချန်က တစ်ခုခုကို ပြောရန် ပါးစပ်ဟလိုက်စဉ်, ဂျန်ဝုရှီ၏ အေးစက်၍ ရှင်းလင်းသော မျက်လုံးများကို ရုတ်တရက် သူ မြင်လိုက်ရလျှင်, ချက်ချင်းပင် သူ့နှလုံးသား အေးစက်သွားရသည်။
ဒီကိစ္စမှာ သူ ဝင်ရောက်ပြီး မစွက်ဖက်ရန် ဂျန်ဝုရှီက သိသိသာသာ ပြောပြနေသည်။
လေ့ချန်က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည် ခန်းမသခင်ရှုံး ပြောတာ မှန်တယ်၊ ဒီကိစ္စက ရန်တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်သွားခဲ့ရတာ၊ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ စုံစမ်းဖို့ ခန်းမသခင်ရှုံးလည်း လိုလားနေတယ်ဆိုတော့, ဒီစုံစမ်းစစ်ဆေးခြင်းကိစ္စကို ခန်းမသခင်လက်ထဲ လွှဲထားလိုက်ပါ့မယ်။
ရှုံးဘက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ သမားတော်ကြီးလီက ပို၍ ကြောက်ရွံ့သွားပုံ ပေါက်လာသည်။ သူက လေ့ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ရှုံးဘ၏ တောင်းဆိုချက်ကို အလွယ်တကူ လေ့ချန် လက်ခံလိုက်တာကို သူ လက်မခံနိုင် ဖြစ်သွားသည်။
အရှင့်သား, အရှင့်သား အိမ်ရှေ့စံ သမားတော်ကြီးလီက စိတ်ပျက်အားငယ်စွာ တောင်းပန်ခယသည်။
လေ့ချန်က သူ့ကို ကြည့်ပင် မကြည့်တော့ပေ။
တခြားသမားတော်များက ရှုံးဘ၏ ဧရာမခန္ဓာကိုယ်ကြီး သူတို့အားလုံးဆီ လွှမ်းမိုးရောက်ရှိလာတာကို ကြည့်ပြီး တုန်ယင်သွားကြသည်။ သူတို့အားလုံး ပေါင်းလိုက်လျှင်တောင် ရှုံးဘကို အနိုင်ယူဖို့ မဖြစ်နိုင်ကြောင်း သူတို့ သိကြသည်။
