၅၈၆။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၄

551 47 0
                                    

၅၈၆။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၄

ကျောင်းသားများ အားလုံး စိတ်ကျေနပ်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်သွားချိန်မှာ ဂူလီရှန်၏ မျက်လုံးများ နက်နက်ရှိုင်းရှိုင်း ဖြစ်လာကြသည်။ သူ နောက်ထပ် ခဏလောက် တိတ်ဆိတ်နေပြီးမှ ရှင်းလင်းပီသသော သူ့အသံ ထွက်ပေါ်လာသည်။ အားလုံး... ဒီတစ်ချိန်လုံး ဝိညာဉ်ကုစားဌာနက အမြဲတမ်း ကျောင်းသားအနည်းဆုံး ဖြစ်ခဲ့တယ်၊ ဒါ မင်းတို့အားလုံး အမှန်တရားကို သိကြမယ်လို့ ငါ ယုံတယ်၊ ပြီးတော့ ဝိညာဉ်ကုစားဌာနက လက်ခံလိုက်ပြီဆိုရင် မင်းတို့ အတွက် အထူးတလည် ဂုဏ်ယူစရာဖြစ်တယ်လို့ မင်းတို့ အားလုံး တွေးထင်ထားကြလိမ့်မယ်၊ ဝိညာဉ်ကုစားဌာနမှာ မင်းတို့ ဝိညာဉ်ကုစားခြင်း အတတ်ပညာကို သင်ယူကြရလိမ့်မယ်၊ သင်ယူပြီးသွားတဲ့နောက် မင်းတို့တွေ စိုးရိမ်ပူပန်ခြင်းမရှိ သက်သောင့်သက်သာ ဘဝမှာ နေရမယ်လို့ မင်းတို့ အားလုံး မှတ်ယူထားကြတယ်, ဒါ ဟုတ်တယ်မို့လား။

ဂူလီရှန်၏ အမေးကို ကျောင်းသားများ အားလုံး သဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။

ဂူလီရှန်က ထပ် မေးသည် ဂူလီရှန်ရဲ့ လက်အောက်မှာ တပည့်ဖြစ်လာရတဲ့ ကိစ္စက မင်းတို့ကို ပြိုင်ဘက်ကင်း ဂုဏ်ကျက်သရေကို ပေးတယ်လို့ မင်းတို့ အားလုံး ခံစားကြရလား။

ကျောင်းတော်သားများက အသံမထွက်ရဲကြချေ။ သူတို့ အားလုံး နောက်တစ်ကြိမ် ခေါင်းညိတ်ပြကြသည်။

ဂူလီရှန်ဆိုတဲ့ ငါက, ဝိညာဉ်ကုစားဌာန တည်ထောင်သူ တစ်ယောက်အနေနဲ့ မိုးကောင်းကင်အောက်မှာ အားလုံးထက် ပိုပြီး ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တတ်သိလိမ့်မယ်လို့ မင်းတို့ အားလုံး ဒါကို ထင်ကြသလား။ ဂူလီရှန်က လူအုပ်ကြီးကို မေးသည်။

ဒါကိုတော့ သံသယ မရှိကြချေ။ သို့အတွက် အားလုံး တစ်ကြိမ်မက ခေါင်းညိတ်ပြကြသည်။

ဂူလီရှန်က သူ့ရှေ့ရှိ လေညင်းကျောင်းတော်သားများကို အားရကျေနပ်သော အကြည့်ဖြင့် သိမ်းကြုံး ကြည့်လိုက်သည်။ ကျောင်းတော်သားများက အစေ့အနှံများကို ထိုးဆိတ်စားနေသော ကြက်ပေါက်လေးများလို ခေါင်းတဆတ်ဆတ် ညိမ့်နေကြသည်။ ထို့နောက် သူက အနည်းငယ် ပြုံး၍ ပြောသည် အရမ်းကောင်းတယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now