၅၉၃။ လူအုပ်ကြီးအား ရိုက်နှက်ခြင်း-၁၁
မင်း ကနေ့ကစပြီး ဝိညာဉ်ကုစားဌာနကို ပြန်လာလို့ ရပြီ၊ အင်း... မင်း လုပ်စရာ တစ်ခုခု ရှိနေသေးရင်လည်း, မင်း အဲဒါကို သွားလုပ်လို့ ရတယ်နော်၊ ဒီကိစ္စမှာ ငါ့ကို ဘာမှ အကြောင်းကြားစရာ မလိုဘူး။ ဂူလီရှန်က ပျူပျူငှာငှာ စကားလုံးများကို သုံးသွားသည်။
သူ့လက်များက ဂျန်ဝုရှီ အရင်ရက်က ပေးထားသော စာလိပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူက ပြီးခဲ့သည့် တစ်ရက် တစ်ညလုံးလုံး ၎င်းစာလိပ်ကို အားသွန်ခွန်စိုက်ဖြင့် ဖတ်ပြီးရင်း ဖတ်နေခဲ့သည်။ သို့သော် စာလိပ်မှာ ရေးသားထားချက်ကို အပြည့်အဝ မဆုပ်ကိုင်မိသေးချေ။ သူက ဂျန်ဝုရှီ၏ နည်းပြမှုကို ရှာဖွေဖို့ စိုးရိမ်နေလေ၏။
ဂူလီရှန်က ဂျန်ဝုရှီအား အမြင့်ဆုံး လုပ်ပိုင်ခွင့်ကို ပေးထားသည်။ ဒီလိုအခွင့်အရေးမျိုးကို သူ အရင်က မည်သည့် ကျောင်းသားကိုမျှ ဘယ်တုန်းကမှ မပေးခဲ့ဖူးပေ။
သို့သော် ဂျန်ဝုရှီက အရာရာတိုင်းအား ထိုက်တန်သည်။ သူမလည်း ၎င်းလုပ်ပိုင်ခွင့်ကို လက်ခံလိုက်သည်။
သူမက လိုအပ်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဂူလီရှန်သည်ပင် မကြုစဖူးသော အခွင့်အရေးကို သူမအား စီမံပေးသည်။ တစ်စုံတစ်ယောက်က ကန့်ကွက်ဖို့ မည်သည့် စကားတစ်ခွန်းကိုမျှ မဟဝံ့ကြချေ။
သူမ၏ စွမ်းရည်များက ဝိညာဉ်ကုစားခြင်းနည်းစနစ်ကိုပင် တိုးတက်အောင် လုပ်ပေးနိုင်သည်။ သူမက ဂူလီရှန်ထက်ပင် အဆင့်သာသွားခဲ့သည်။
ကျုပ် ဒီကိစ္စပြီးသွားရင် ရက်နည်းနည်းလောက် ထွက်သွားဖို့ လိုအပ်တယ်။ ဂျန်ဝုရှီက နူးညံ့သိမ်မွေ့စွာ ပြောသည်။ သူမမှာ လုပ်စရာကိစ္စများ ရှိသေးကြောင်းကို ချက်ချင်း ပြောကြားသည်။
ဂူလီရှန် ပြာယာခတ်သွားသည်။ သူက စကားပြောရန် ပါးစပ်ဟလိုက်သည်။ ဂျန်ရှီမှာ ချက်ချင်း လုပ်ဆောင်ရန် လိုအပ်သော ကိစ္စများ ရှိကြောင်းကို သူ မျှော်လင့်မထားမိပေ။
