၂၃၂။ “ညှဉ်းပန်းနှိပ်စက်ခြင်း - ၄”
မိုချင်းယွမ်က လေသံမျှသာ ပြောနိုင်သည်။ သို့သော် ခန်းမကြီး၏ ဝင်ပေါက်တွင် ရပ်နေသည့် ဂျန်ဝုရှီကို သူ မြင်ရချိန်မှာတော့ သူမနားထဲထိ ပေါက်ထွက်လာသည်။
‘ဝုရှီလား’
‘သူမ မှတ်ဉာဏ်က မှန်ကန်စွာ သက်သေပြနိုင်ရင်, ဂျန်မိသားစု၏ သခင်မလေး နာမည်က ဂျန်ဝုရှီ ဖြစ်ပုံရသည်။’
‘ဒါပေမဲ့ သူတို့က သူတို့ လူတွေကို လင်းအိမ်တော်သို့ ပို့လိုက်သည် မဟုတ်လော၊ ဘာ့ကြောင့် ဂျန်ဝုရှီက ဒီရောက်လာရတာလဲ။’
သို့သော် ချင်ယုယန်က ဂျန်ဝုရှီဘေးတွင် ရပ်နေသော လွန်လွန်မင်းမင်း ကြည့်ကောင်းသည့် ဂျန်ဝုယောင်းကို သတိပြုမိလိုက်လျှင်, သူမအပြုံးက ကြီးမား ကျယ်ပြန့်လို့လာသည်။ သူ့ထံမှ သူမအကြည့်ကို မဖယ်နိုင် ဖြစ်နေသည်။
‘ဘယ်လောက်တောင် ချောလိုက်တဲ့ ယောက်ျားလဲ၊ ယုံနိုင်စရာတောင် မရှိဘူး။’
သည်လောက် ဆွဲဆောင်အားကောင်းသည့် လူက သည်ကမ္ဘာပေါ်မှာ တည်ရှိနေမယ်လို့တောင် သူမ မထင်ပေ။
“နင့် ပါးစပ် အမူအရာကို ငါ သင်ပြပေးရမယ်နဲ့ တူတယ်၊ နင်က သေခြင်းတရားကို ရှာဖွေနေရင်, ငါက နင့်အလိုဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။” ဂျန်းချန်ချင်းက သူမက ဘယ်သူလဲ, သူမက ဘာနဲ့ တူသလဲ, ဂရုမစိုက်ချေ၊ သူ ဂရုစိုက်တာက.. ချင်းယန်ကလန်ကို စော်ကားဝံ့သည့် မည်သူမဆို ခွင့်မလွှတ်နိုင်သည့် စော်ကားမှု ဖြစ်သည်မို့ ပြေရာပြေကြောင်း တောင်းပန်လို့ မရဘဲ သေရမည်သာ ဖြစ်သည်။
ဂျန်းချန်ချင်းက ဂျန်ဝုရှီထံ တိုက်ရိုက် ခုန်ဝင်သွားသည်။ အမူးသမားကြာပန်းကို လုံးဝ လျစ်လျူရှုဖို့ ရွေးချယ်လိုက်သည်။ သူက သူ သတိပြုဖို့ပင် မထိုက်တန်လို့ တွေးထား၍ ဖြစ်သည်။ ရုတ်တရက် ပေါ်ပေါက်လာသည့် လူသုံးယောက်နှင့် သားရဲကြီးတစ်ကောင်တို့တွင် သားရဲကြီးတစ်ကောင်သည်သာ တိုက်ပွဲစွမ်းရည် ရှိပုံရသည်။ ကျန်လူသား သုံးယောက်က ငယ်ရွယ်လွန်းနေကြသည်။ အကြီးဆုံးက အသက်နှစ်ဆယ်ကျော်ကျော်ရုံသာ ရှိနိုင်သည်။ သူတို့က အံ့မခန်း အင်အားရှိနေရင်တောင် သူတို့က သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်ပေ။