၆၄၅။ ဝိညာဉ်စွမ်းအားမြှင့် (၇)

502 44 0
                                    

၆၄၅။ ဝိညာဉ်စွမ်းအားမြှင့် (၇)

သူမခန္ဓာကိုယ်ရှိ အခြေအနေကို သဘောပေါက်သွားသဖြင့် ဝိညာဉ်စွမ်းအားမြှင့် ရှေးဟောင်းအက္ခရာများကို ဆက်လက်စမ်းသပ်ဖို့ ဂျန်ဝုရှီ အလျင်မလိုတော့ပေ။ သို့သော် အစောပိုင်း ကြောင်နက်လေးနှင့် ကြာပန်းလေးတို့နှင့် စမ်းသပ်ခဲ့သော စာလုံးနှစ်ဆယ်ကျော်၏ မတူကွဲပြားသော ရလဒ်များကို အသေးစိတ် သူမ မှတ်တမ်းတင်ထားလိုက်သည်။

မီးနှင့် လေအပြင်, တခြားဝိညာဉ်စွမ်းအားမြှင့် ရှေးဟောင်းအက္ခရာများက အင်အားတိုးစေနိုင်သည်။ သို့မဟုတ် တခြားစွမ်းရည်များကို ထောက်ပံ့ပေးနိုင်သည်။

ဖန်ဇို ပြောပြထားခဲ့သည့် နမူနာအတိုင်းပင် ဖြစ်သည်။ သူက ပုံစံသုံးမျိုးကိုသာ သိသည်။ ၎င်းပုံစံသုံးမျိုးက အမြန်နှုန်း, အင်အားနှင့် ခံနိုင်ရည်ရှိခြင်းစွမ်းအားသုံးမျိုးကို တိုးမြှင့်ပေးနိုင်သည့် ပုံစံသုံးမျိုး ဖြစ်သည်။ ဂျန်ဝုရှီက ၎င်းရှေးဟောင်းအက္ခရာများမှ နှစ်မျိုးနှစ်စားကို ထုတ်ဖော်နိုင်ခဲ့သည်။ ၎င်းတို့က ဝိညာဉ်ခန္ဓာကိုယ်ကို အင်မတန် ပေါ့ပါးစေပြီး ပျော့ပြောင်းစေသည်။ သို့မဟုတ် ဝိညာဉ်ခန္ဓာကိုယ်များ၏ တည်ရှိမှုကို ဖုံးကွယ်ပေးထားနိုင်သည်။

မတူကွဲပြားသော ဝိညာဉ်စွမ်းအားမြှင့် ရှေးဟောင်းအက္ခရာများက လုံးဝမတူညီသော သက်ရောက်မှုများကို ပေးစွမ်းနိုင်လိမ့်မည်။ ရှေးဟောင်းအက္ခရာများ၏ သက်ရောက်မှုများကို သေသေချာချာ တွဲဖက်ပေးနိုင်မည်ဆိုလျှင် ရရှိလာမည့် ရလဒ်က အံ့အားသင့်ဖွယ်ရာ ဖြစ်လိမ့်မည်။

ဂျန်ဝုရှီက ပင်ပန်းနေသဖြင့် စားပွဲပေါ်တွင် ခြေလက်ဆန့်တန်း၍ အေးဆေးသက်သာစွာ ဆီးနှင်းကြာပန်းထံမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူလျက် အနားယူနေသည်။

ဝိညာဉ်စွမ်းအားမြှင့်ရှေးဟောင်းအက္ခရာများ သုံးစွဲပုံကို သူမ လေ့လာစူးစမ်းပြီးသွားသော်လည်း ၎င်းအက္ခရာများမှ ပေးစွမ်းနိုင်သော သက်ရောက်မှုများကို အချို့အဝက်သာ သူမ နားလည်သေးသည်။ ၎င်းစွမ်းအားကို တိုက်ပွဲမှာ အသုံးပြုချင်လျှင် သူမအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပင်။ ဝိညာဉ်စွမ်းအားမြှင့် ရှေး‌ဟောင်းအက္ခရာများကို ဝိညာဉ်ခန္ဓာကိုယ်နှင့် တွဲစပ်ပုံ နည်းလမ်းက အချက်အချာ ကျသည်။ သို့သော် ၎င်းစွမ်းအားကို မိနစ်ပိုင်းလောက်သာ တိုက်ပွဲမှာ အသုံးပြုနိုင်လိမ့်မည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя