၆၃၆။ ဝိညာဉ်လက်စွပ် (၁)

514 42 0
                                    

၆၃၆။ ဝိညာဉ်လက်စွပ် (၁)

ပိုက်ဆံအပေါ် မက်မောခြင်း မရှိ လွယ်လွယ်ကူကူ ပေးပစ်တတ်သော လူငယ်ကို မုကွိုင်ဖန် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ကျောက်ချူက သူ့ကို တည်းခိုဆောင်မှ ဆွဲခေါ်သွားသည့်နောက်မှာပင် သူ့မျက်လုံးများက သာမန်အတိုင်းသာ။

ဖန်ဇိုနှင့် ရောင်းရူတို့ ပြန်ရောက်လာချိန်မှာ ကျောက်ချူက မုကွိုင်ဖန်နှင့် ထွက်ခွာသွားနှင့်ပြီ။ ကြီးမားသော အနက်ရောင်ကျောက်တုံးမှ လက်တစ်ဝါးစာ အနက်ရောင်သတ္တုစကိုသာ ထုတ်ယူ ရရှိသည်။

ချောက်နက်ထဲမှာ လိုအပ်မဲ့ဟာတွေ ဝယ်ဖို့ ငတုံး ကျောက် ထွက်သွားတယ်၊ ဒီတော့ မင်း ဘယ်အချိန် လက်စွပ်တွေကို စတင် လုပ်နိုင်မလဲ ဖေးယန်က လက်တစ်ဝါးစာ အနက်ရောင်သတ္တုစကို ကြည့်လျက် မေးသည်။ အနက်ရောင်သတ္တု၏ တန်ဖိုးက အလယ်ဘုံမှာပင် အလွန် တန်ဖိုးမြင့်သည်။ တိတိကျကျ တန်ဖိုး တပ်လို့ မရသည့်အပြင် ရရှိဖို့ပင် ခဲယဉ်းလှသည်။

သူတို့ အလယ်ဘုံမှာ ရှိစဉ်က ငယ်ရွယ်ကြသေးသည်။ ထိုစဉ်တုန်းက အကြီးအကဲများထံမှ အနက်ရောင်သတ္တုအကြောင်းကို ကြားဖူးထားကြသည်။ သို့သော် ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြပေ။

ဇိုလေး, မင်း ဒီသတ္တုနဲ့ တကယ်ပဲ ငါတို့ ဝိညာဉ်လက်စွပ်တွေကို ဖန်တီးနိုင်တာလား ဟွာယောင်းက အနက်ရောင်သတ္တုစကို ကောက်ယူ၍ မေးသည်။

ဇန်ဇိုက အပြုံးဖြင့် ပြောသည် အလယ်ဘုံက လက်စွပ်လုပ်တဲ့ နည်းလမ်းက အောက်ဘုံက နည်းလမ်းနဲ့ ကွဲပြားတယ်၊ သာမန်လူတွေအနေနဲ့ တကယ်စွမ်းအားတိုးစေဖို့ ဝိညာဉ်လက်စွပ်တွေကို မထွင်းထုနိုင်ဘူး၊ လက်စွပ်ဖန်တီးသူလို့ ခေါ်တဲ့ ပြိုင်ဘက်ကင်း ပညာရှင်တွေ အလယ်ဘုံမှာ ရှိခဲ့ကြတယ်၊ စစ်မှန်တဲ့ ဝိညာဉ်လက်စွပ်ဖန်တီးသူမှသာ စစ်မှန်တဲ့ ဝိညာဉ်လက်စွပ်ကို ဖန်တီးတဲ့ လုပ်ဆောင်ချက်ကို စွမ်းဆောင်ရည် ပြည့်ဝအောင် လုပ်နိုင်တယ်၊ ငါ့အမေက သူတို့ထဲက ဝိညာဉ်လက်စွပ် ဖန်တီးသူ တစ်ယောက်ပေါ့၊ ငါ့အဖေ အမေ့အနားမှာ မရှိတဲ့အချိန် သူမ အားလပ်နေတုန်း, ငါ့ကို နည်းနည်းပါးပါးတော့ သင်ပေးခဲ့တယ်။

ပါရမီရှင်သမားတော်(၂)حيث تعيش القصص. اكتشف الآن