၈၇၁။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ (၁)
ဂျန်ဝုရှီ၏ စကားက အခန်းတွင်းရှိ လူတိုင်းကို အေးခဲတောင့်တင်းသွားစေသည်။
သမားတော်ကြီးလီ၏ မျက်နှာတွင် တဒင်္ဂမျှ ကြောက်လန့်သော အရိပ်အယောင် ပေါ်ပေါက်လာသည်။ သို့သော် ၎င်းကြောက်လန့်သော အရိပ်အယောင်ကို သူက လျင်မြန်စွာ ဖိနှိပ်၍ ဖျောက်ဖျက်ပစ်လိုက်သည်။
မမလေးဂျန်, အဲဒီစကားက ဘာကို ဆိုလိုတာလဲ၊ သမားတော်တွေ အများကြီးက ချူလင်းယွဲ့ရဲ့ ဒဏ်ရာကို စစ်ဆေးခဲ့တယ်၊ ဆရာကြီး ဖန်တောင် စစ်ဆေးပြီး အတည်ပြုပေးခဲ့တယ်၊ ဒီလိုမျိုး ပြန်မေးတယ်ဆိုတော့ ဒါက အတော်လေး ထူးဆန်းနေတယ်လို့ မင်း မထင်ဘူးလား ထောင်ချီသားရဲမြို့တော်မှ လူငယ်က ဂျန်ဝုရှီကို လှည့်မေးလိုက်သည်။
ချူလင်းယွဲ့ ဒဏ်ရာရရှိထားတာ မငြင်းကွယ်နိုင်သော အဖြစ်မှန် ဖြစ်သည်။ သူတို့က ရန်တိုင်းပြည်မှ သမားတော်များကို အပြည့်အဝ မယုံကြည်ကြပေ။ သို့သော်လည်း ဖန်ယွီယန်သည်လည်း ဒဏ်ရာရရှိထားတာ မှန်ကန်ကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ သူသည်ပင် မှားယွင်းနေတာက ဖြစ်နိုင်သည့် အရာ မဟုတ်ပေ။
ဒါ အမှန်ပဲလား ဂျန်ဝုရှီက မေးလိုက်သည်။ သူမ၏ မျက်ခုံးများက ကြောက်ခမန်းလိလိ မြင့်တက်သွားသည်။
မင်းလို ကောင်မစုတ်လေးက ဒီနေရာမှာ ပေါက်ကရစကားတွေ ပြောခွင့်ရှိလို့လား၊ မင်းက အသက်ဘယ်လောက် ရှိသေးလို့လဲ၊ မင်း ဘာသိမှာမို့လို့လဲ၊ ငါတို့ရဲ့ ဆေးပညာအရည်အချင်းကို မင်း မယုံကြည်ဘူးဆိုရင်တောင်, ဆရာကြီးဖန်က နတ်ဆေးသမားတော် သုံးယောက်ထဲက တစ်ယောက်ပဲ၊ သူက အပယိက ဖျားနာတာကိုပဲ ဖြစ်ဖြစ် ရောဂါဝေဒနာကြီးကိုပဲ ဖြစ်ဖြစ် မှန်မှန်ကန်ကန် တိတိကျကျ စမ်းသပ်စစ်ဆေးနိုင်တယ်၊ မင်း ဒီလာပြီး မင်းရဲ့ မယဉ်ကျေးတဲ့ အမြင်ကို ပြောပိုင်ခွင့် မရှိဘူး သမားတော်ကြီး လီက ခွန်းတုံ့ပြန်လိုက်သည်။
ဆရာကြီး ဖန်, ရှင်လည်း သူတို့နဲ့ အမြင် အတူတူပဲလား ဂျန်ဝုရှီက ဖန်ယွီယန်ကို လှည့်မေးလိုက်သည်။