၈၄၂။ အကွက်ချ ဖမ်းဆီးခြင်း (၃)

275 32 0
                                    

၈၄၂။ အကွက်ချ ဖမ်းဆီးခြင်း (၃)

ညနက်၍ အကျဉ်းထောင်တစ်ခုလုံး တိတ်ဆိတ်နေလေ၏။ ဂျန်ဝုရှီက စိတ်ပျက်ခြင်းလည်း မရှိ မကျေမနပ်ဖြစ်ခြင်းလည်း မရှိဘဲ ထောင်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေသည်။ သူမက တိတ်ဆိတ်စွာ ထိုင်နေရုံသာ, သူမ၏ ကိုယ်ပိုင် အခန်းထဲမှာ ထိုင်နေသလိုပင်။ ထောင်စောင့်များက သူမထံ စစ်ဆေးဖို့ နှစ်ကြိမ် ရောက်ရှိလာခဲ့ကြသည်။ သူမကို ထောင်ထဲမှ ကယ်ထုတ်သွားမည့် မည်သူ့ကိုမျှ သူတို့ မတွေ့ရပေ။ သို့ကလောက် ငြိမ်ဆိမ်နေလေ၏။ ဂျန်ဝုရှီ၏ လုံးလုံးလျားလျား စိုးရိမ်ပူပန်ဟန်မရသော အပြုအမူက သူမ၏ ငယ်ရွယ်သော အသက်ကိုပင် လူများအား မေ့လျော့သွားစေသည်။ သို့သော် သူမ မည်သည့် ပြဿနာကိုမျှ မလုပ်သဖြင့် ထောင်စောင့်များက များများစားစားလည်း မပြောကြတော့ပေ။

ညအတော်နက်ချိန်မှာ ထောင်စောင့်များက အိပ်ချင်ခြင်းကို မဆန့်ကျင်နိုင်ကြတော့ချေ။ ထိုစဉ် လူရိပ်အချို့က ထောင်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာကြသည်။

အဟေး... မင်းက ဒီထောင်ထဲမှာ အေးအေးဆေးဆေး ထိုင်နေတာပဲ၊ မင်းကြည့်ရတာ အတော်လေး သက်သောင့်သက်သာ ဇိမ်ခံနေတဲ့ ပုံပေါက်နေသလားလို့ ကျောက်ချူက ဂျန်ဝုရှီကို ကြည့်လျက် ပြောသည်။ သူ့မျက်နှာအမူအရာက စိတ်တိုဒေါသထွက်နေပုံ ရသည်။ ဂျန်ဝုရှီ အဖမ်းခံရပြီး မကြာခင်မှာပင် သတင်းစကားကို သူတို့ ကြားလိုက်ကြရသည်။ သူတို့ထံ သတင်းစကား ပို့ဆောင်သူက အိမ်ရှေ့စံ၏ အစောင့်တစ်ယောက် ဖြစ်သည်။ လေ့ချန်က သူကိုယ်တိုင် ပေါ်မလာသော်လည်း သတင်းစကားကိုတော့ သူတို့ထံ ပို့ခဲ့သည်။

ဂျန်ဝုရှီက သူမ၏ ထောင်ခန်းအပြင်တွင် ရပ်နေကြသော ပုံရိပ်များကို ပျင်းရိပျင်းတွဲဖြင့် ကြည့်လိုက်သည်။

ဟွာယောင်း, ကျောက်ချူ, ဖေးယန်, ရောင်းရူ.... ထို့ပြင် ဖန်ဇိုပါ ဒီနေရာသို့ လိုက်ပါလာသည်။

နင်တို့တွေ ရောက်လာကြပြီပဲ ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။ သူတို့၏ ရုတ်တရက် ပေါ်လာခြင်းကြောင့် သူမ အံ့ဩမနေပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now