၅၅၇။ မိုးကောင်းကင်အဆုံး ချောက်နက်-၄

660 53 0
                                        

၅၅၇။ မိုးကောင်းကင်အဆုံး ချောက်နက်-၄

သူတို့ အုပ်စုက သူတို့ စီမံကိန်းကို အပြီးသတ်၍ ဝိညာဉ်လက်စွပ်များ ဖန်တီးပြီးနောက်မှ မိုးကောင်းကင်အဆုံး ချောက်နက်သို့ သွားရန် အချိန်ရွှေ့ထားလိုက်ကြသည်။

သို့သော် ထိုမတိုင်ခင် မုကွိုင်ဖန်၏ ခန္ဓာကိုယ်ကို ဆေးကုသပေးရအုံးမည်။

ထိုအရေးကြီးကိစ္စက ဂျန်ဝုရှီ၏ ပခုံးပေါ်သို့ ရောက်ရှိသွားသည်။

အလွန်ကြီးမားသော ကျောက်တုံးနက်မှ အနက်ရောင်သတ္တုကို ဆွဲနှုတ်ယူဖို့ အချိန်အတော်ယူသဖြင့် ဖန်ဇိုနှင့် ရောင်းရူက ဈေးနှုံးကို ညှိနှိုင်းပြီးနောက် သူတို့က အနက်ရောင် ကျောက်စိမ်းတုံးကို ပန်းပဲဖိုတွင် ထား၍ ပြန်လာခဲ့ကြသည်။

အနက်ရောင်သတ္တုစကို ဆွဲနှုတ်ယူရမည့် နည်းလမ်းကို မည်သူမျှ မသိသဖြင့် ၎င်းကျောက်တုံးနက်ကို တစ်ယောက်ယောက် ခိုးယူသွားမှာကိုလည်း စိုးရိမ်ပူပန်စရာ မလိုပေ။

သူတို့ တည်းခိုဆောင်သို့ ပြန်ရောက်လာလျှင်, သူတို့အားလုံးက ကိုယ်စီအလုပ်ဖြင့် အလုပ်ရှုပ်နေကြသည်။ မိုးကောင်းကင်အဆုံး ချောက်နက်နှင့် ပတ်သက်သော စကားကို မည်သူမျှ မဟကြချေ။

အမှောင်ရိပ်သန်းလာချိန်မှာ ဂျန်ဝုရှီက အပြင်ထွက်၍ ဆေးဝါးဖော်စပ်ဖို့ လိုအပ်သော ပစ္စည်းကိရိယာများ နေရာအနှံ့ လိုက်ရှာသည်။ သို့သော် လေညင်းကျောင်းတော်တွင် မည်သူမျှ ဆေးဝါးမဖော်စပ်ကြသဖြင့် ချန်လင်းမြို့တော်မှာ ဆေးဝါးဖော်စပ်စရာ ပစ္စည်းကိရိယာများ မပေါ်များပေ။ ပစ္စည်းကောင်းများကိုလည်း မည်သူမျှ တင်မထားကြချေ။

အတော်အားစိုက် ရှာပြီးနောက်မှ သေးငယ် ရိုးရှင်းသည့် ဆေးမီးဖိုတစ်လုံးကို ဆိုင်သေးသေးလေးမှာ ဂျန်ဝုရှီ ရှာတွေ့သည်။ ၎င်းဆေးမီးဖိုက လက်ဖဝါးအရွယ်သာ ရှိပြီး ကြေးသန့်သန့်ဖြင့် ပြုလုပ်ထားသည်။ ဆေးမီးဖိုက အကြမ်းထည် ဆန်သော်လည်း ယာယီသုံးဖို့တော့ အဆင်ပြေသည်။

ဆေးပစ္စည်းအရောင်းဆိုင်သို့ သွားပြီး သူမက တချို့ ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူသည်။ ထို့နောက် တည်းခိုဆောင်သို့ ပြန်လာပြီး မုချန်၏ အသားစတွင် ရှိသော အဆိပ်ကို လေ့လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now