၈၈၄။ နန်းတွင်းညစာစားပွဲ(၃)
ညစာစားပွဲရှိ လူတိုင်းက လေ့ဖန်၏ စကားကို အာရုံစိုက်သွားကြပြီး သူတို့အားလုံး ဂျန်ရှီကို လှည့်ကြည့်ကြသည်။ လေ့ချန်၏ မျက်နှာတွင် အပြုံးရှိနေသေးသော်ငြား ၎င်းအပြုံးက အသက်မဝင်တော့ပေ။
ဂျန်ဝုရှီက ချက်ချင်း ပြန်မတုံ့ပြန်ဘဲ လေ့ဖန်၏ ပြုံးနေသော မျက်နှာကို ဆက်ကြည့်နေလိုက်သည်။ ခဏလောက် တိတ်ဆိတ်စွာ နေပြီးနောက်, သူမက အရက်ခွက်ကို ကောက်ကိုင်၍ တစ်ငုံစာလောက် သောက်ပေးလိုက်သည်။
ထိုအခိုက်တွင် ဘုရင်ကြီးက ပြုံးလျက် ပြောလာသည် သူက လေညင်းကျောင်းတော်ရဲ့ အငယ်ဆုံး ပြိုင်ပွဲဝင်ဆိုတာလား၊ ဟုတ်သလား၊ မင်းနာမည်က ဂျန်ရှီလား။
ဂျန်ဝုရှီက မတ်တပ်ထရပ်၍ ဖြေလိုက်သည် ဟုတ်ပါတယ်။
ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်... သူရဲကောင်းတွေဆိုတာ လူငယ်တွေထဲကနေ ရှာတွေ့ကြရတာချည်းပဲ၊ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလို အောင်မြင်မှုမျိုးကို ရရှိလိမ့်မယ်လို့ ငါ မထင်မိဘူး၊ မင်းရှေ့က အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ၊ မင်းက စတုတ္ထမင်းသားလေးနဲ့ အသက်အရွယ် အတူတူလောက်ပဲ၊ မင်းတို့နှစ်ယောက် နောက်နောင် အတူတူ အနာဂတ်ကို ဖြတ်သန်းသင့်တယ် ဘုရင်ကြီးက အပြုံးဖြင့် ပြောသည်။ သူက ပြုံးနေရင်းဖြင့် ဂျန်ရှီကို ခေါင်းစ ခြေဆုံး ခြုံငုံ၍ စေ့စေ့စပ်စပ် အကဲခတ် ကြည့်ရှုသည်။ သို့သော်ငြား သူ့အကြည့်က ဂျန်ရှီဝတ်ထားသော လက်စွပ်ပေါ်သို့ ရောက်ရှိသွားချိန်မှာ, သူ့အပြုံးက ရုတ်တရက် အေးခဲတောင့်တင်းသွားလေ၏။
ဂျန်ရှီ, မင်းက လိပ်ပြာတိုက်ပွဲဝင်တွေထဲမှာ အငယ်ဆုံးပဲ၊ သမိုင်းမှာ မင်းက အငယ်ဆုံးပေါ့၊ ရှေ့ နည်းနည်းလောက် တိုးလာပါအုံး၊ အရွယ်နဲ့ မလိုက်အောင် ထူးချွန်ပြောင်မြောက်တဲ့ မင်းကို ငါ သေသေချာချာ ကြည့်ပါရစေ ဘုရင်ကြီးက မည်သည့်အမူအရာကိုမျှ မပြောင်းသွားစေဘဲ ဆက်ပြောလိုက်သည်။
ဂျန်ဝုရှီက ပွဲတက် ရောက်လာကြသူများရှေ့တွင် ဘုရင်ကြီးအား အခက်မတွေ့စေလိုသဖြင့် သူမထိုင်ခုံမှ ဘုရင်ကြီး၏ ရှေ့သို့ သွားကာ ရပ်လိုက်သည်။