၃၇၂။ ထပ်လိုသေးလား - ၄
ဒါ ရှီလေးပဲ...... ကျောက်ချူက နောက်ဆုံးတွင် သဘောပေါက်သွားပြီး ထိုစကားလုံးမျှကိုသာ ပြောဆိုနိုင်တော့သည်။ သူက ကုန်သေတ္တာများကို အံ့အားတသင့်ဖြင့် ကြည့်နေသည်။ သူ့နှလုံးသားက ဖော်မပြနိုင်အောင် ခံစားသွားရသည်။
ဟွာယောင်းက ခေါင်းညိတ်ပြသည် ကျောင်းအုပ်ကြီးနဲ့ ကိစ္စကိုလည်း ဒီနည်းအတိုင်း ဖြေရှင်းလိုက်တာ ဖြစ်ရမယ်။
ယန်ဘူဂွေ့ ပြန်လာချိန်မှာ ကိစ္စမှန်သမျှ ရှင်းလင်းပြီး ဖြစ်ကြောင်းကို ကြေညာခဲ့သည်။ သို့သော် အကြောင်းပြချက်က အခုမှ ရှင်းလင်းသည်။ ကျောင်းအုပ်ကြီးက ပိုက်ဆံမက်သူ ဖြစ်ကြောင်း သူတို့ အားလုံး သိကြသည်။ သူက ပိုက်ဆံရှိသူ၏ စကားကိုသာ နားထောင်သည်။ ငွေနံ့ရလျှင် အကြောင်းပြချက်မှန်သမျှကို လျစ်လျူရှူထားလိုက်သည်။
သူတို့ ရှေ့မှ အခု အနေအထားကလည်း သူတို့ မှန်ကန်ကြောင်း သက်သေပြနေသည်။
ဂျန်ဝုရှီက ကျောင်းအုပ်ကြီးနှင့် ကိစ္စများကို တကယ်ပင် ရှင်းလင်းပစ်ခဲ့သည်။ သူမက ကျောင်းအုပ်ကြီး အနှစ်သက်ဆုံး ဘာသာစကားကို အသုံးပြုခဲ့သည်။ ပိုက်ဆံပင် ဖြစ်သည်။
ငါတို့ရဲ့ ညီငယ်လေးက မယုံကြည်နိုင်လောက်အောင် ချမ်းသာမယ်လို့ ငါ စဉ်းစားမိမှာ မဟုတ်ဘူး။ဖေးယန်က ပြုံးနေသည်။ သူမ မျက်လုံးများက ကုန်သေတ္တာများကို လျှို့ဝှက်သိုသိပ်စွာ ကြည့်နေရင်း ကျဉ်းမြောင်းသွားကြသည်။ အာ.... အဲကုန်သေတ္တာက အမျိုးသမီး အဝတ်အစားတွေဆို, ဒါဆို ငါ့အတွက်လား။
ဟုတ်တယ်လို့ ငါ ပြောရမယ်။
ဖေးယန်၏ မျက်နှာက ဖြူရောင်သန်းသွားသည်။
ချစ်ချင်စရာကောင်းသော ဖေးယန်က ရုတ်တရက် မျက်နှာ စူသလိုလို ပုပ်သလိုလို ဖြစ်သွားသည်။ ယောက်ျားဆန်ခြင်းက တစ်စွန်းတစ်စ မကျန် ပျောက်ကွယ်သွားသည်။
အဟမ်း... ငါ လုပ်လိုက်မယ်။ ဟွာယောင်းက ဒီအဖြစ်သနစ်ကို သဘောပေါက်သွားပြီးနောက်, သူက မှင်တံကို ယူကာ လက်ခံပြေစာတွင် ဟွာယောင်းဟူ၍ လက်မှတ် ထိုးပေးလိုက်သည်။