၈၂၅။ သေဖို့ မတောင်းဆိုနဲ့ (၈)
အရင်က တိတ်ဆိတ်နေခြင်းက, အဖြစ်အပျက် ကိစ္စရပ်များက သူမအား မသက်ရောက်သောကြောင့် ဖြစ်သည်။ သို့သော် ထိုအနေအထားက ပြောင်းလဲသွားခဲ့ပြီး ဖြစ်သဖြင့် ဂျန်ဝုရှီ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်ပုံနည်းလမ်းလည်း ကိစ္စရပ်တိုင်းမှာ တိုးတက်ပြောင်းလဲသွား ခဲ့ရလေပြီ။
အဟမ်း... ဒီသက်မဲ့ကိုယ်ကို ငါတို့ ဘယ်လို လုပ်လိုက်ရမလဲ ကျောက်ချူက လည်ချောင်းရှင်း၍ မေးသည်။ သူက သူ့စိတ်ထဲမှပင် ရန်တိုင်းပြည်အတွက် ဖယောင်းတိုင်တစ်စုံကို ထွန်းညှိပေးလိုက်သည်။ သူက အကြောင်းအရာ များစွာကို သိမထားပေ။ သို့သော် ဂျန်ဝုရှီက ချီတိုင်းပြည်၏ မင်းပြောင်းမင်းလွှဲကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင်းကို ဖေးယန်ထံမှ ကြားထားသည်။
ချီတိုင်းပြည် တစ်ခု, ချင်းယန်ကလန်တစ်ခုနှင့် လေညင်းကျောင်းတော်မှ ဖြစ်ရပ်များ။ ဂျန်ဝုရှီ၏ အောင်မြင်သော ဆောင်ရွက်ချက်များက အချိန်တိုအတွင်းမှာ တကယ်ပင် ထွန်းလင်းတောက်ပလာသည်။ ရန်တိုင်းပြည်၏ ဘုရင်ကြီးလည်း ဂျန်ဝုရှီ၏ နောက်ထပ် အောင်မြင်သော ဆောင်ရွက်ချက်၏ လက်ကိုင်တစ်ခု ဖြစ်လာနိုင်သည်။
ဂျန်ဝုရှီက ကြွေထည်ပုလင်းတစ်လုံးကို ထုတ်ယူ၍ ကျောက်ချူကို ပစ်ပေးလိုက်သည်။
အလောင်းတစ်ခုလုံး အနှံ့ ဖြူးလိုက်။
ကျောက်ချူက ခေါင်းညိတ်၍ ဇောင်းရွှမ်၏ ခန္ဓာကိုယ်အနှံ့ကို အမျိုးအမည် မသိရသော အမှုန့်များဖြင့် ဖြူးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းကောင်က အဖြူရောင်အမှုန့်ကြောင့် တစ်စစီ လျင်မြန်စွာ ပုပ်ဆွေးလာလေ၏။ အရိုးများလည်း မလွတ်ပေ။ မိနစ်အနည်းငယ်အကြာမှာ အလောင်းကောင်တစ်ခုလုံးက သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဗွက်အိုင်တစ်ခုလို ဖြစ်သွားသည်။ ဂျန်ဝုရှီက အခန်းထဲရှိ ဇလုံထဲမှ ရေယူ၍ မြေပြင်ပေါ် သွန်းလောင်းလိုက်သည်။ ကျန်ရစ်နေသော သွေးများလည်း အကြွင်းအကျန်မရှိ ပျောက်ပျက်သွားလေ၏။