၃၇၆။ ကောင်းကင်ဘုံစမ်းရေ - ၂
ငါ အဲစာအုပ်တွေ အကုန်လုံး လှန်လှော ဖတ်ကြည့်ပြီးပြီ၊ ဒါပေမဲ့ သနားစရာကောင်းတာက ငါက အပင်အမျိုးအစား လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်မထားဘူးလေ၊ ဒီတော့ သုံးစွဲလို့လည်း မရဘူး၊ မင်းလက်ထဲ အဲစာအုပ်တွေ ရောက်ရှိသွားရတာ မင်းကံကြမ္မာလို့ ဆိုလိုတာပဲ။ ယန်ဘူဂွေ့က သူ့မုတ်ဆိတ်မွှေးကို ထိုးဆွရင်း ပြောသည်။
မင်း ဖီးနစ်ကျောင်းတော်မှာ မနေထိုင်သင့်ဘူး၊ မင်း အပြင်ထွက်သင့်တယ်၊ မင်းလုပ်ချင်တာကို လုပ်သင့်တယ်။
ဂျန်ဝုရှီက ခေါင်းငုံ့၍ သူမလက်ထဲရှိ ကောင်းကင်ဘုံပုလင်းကို ကြည့်လိုက်သည်။ ဒါကို ယခင်က သူ အဆုံးမရှိ ရှာဖွေခဲ့သည်။ ရရှိဖို့ ခက်ခဲပင်ပန်းခဲ့သည်။ အခု သူမလက်ထဲထိ ယန်ဘူဂွေ့က ပို့ဆောင်လာခဲ့သည်။
ကောင်းကင်ဘုံပုလင်းနှင့်ဆိုလျှင်, သူမ လင်းအိမ်တော်ကို စိတ်ချမ်းမြေ့စွာ ပြန်သွားနိုင်သည်။ မီးမိစ္ဆာနန်းတော်မှ လူများ၏ ဖိစီးနှိပ်စက်ခြင်းကို ကြောက်ရွံ့စရာ မလိုတော့ပေ။
ဒါပေမဲ့.....
ဒါက သူမလိုလားတာ ဟုတ်ရဲ့လား။
ဖိစီးနှိပ်စက်ခံရခြင်းကို ရှောင်လွှဲဖို့ သူမဘဝတစ်ခုလုံးကို ပုန်းကွယ်၍ ကောင်းကင်ဘုံစမ်းရေကို မှီခိုနေရမည်လော။ ထို့ပြင် သူမရန်သူများကို စိတ်တိုင်းကျ နေထိုင်နေတာကို သူမက ကောင်းကင်ဘုံပုလင်းထဲတွင် ပုန်းခိုရင်း ကြည့်နေရမည်လော။
ဆရာ ဂျန်ဝုရှီက ရုတ်တရက် သူမခေါင်းကို မော့လာသည်။ အမှောင်ဘုရင်ရဲ့ အုတ်ဂူက, ကျုပ်သွားသင့်တဲ့ နေရာပဲ။
သူမက သူမလက်ထဲရှိ ကောင်းကင်ဘုံ ပုလင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမ မျက်လုံးများက နောက်မဆုတ်တမ်း ဆုံးဖြတ်ခြင်းများဖြင့် တောက်ပနေသည်။ ဘဝတစ်ခုကို ညှိနှိုင်းတိုက်ဆိုင်ပြီး နေရတာက သူမလိုချင်သော အရာ မဟုတ်ပေ။ သူမအသက်ကို လိုချင်သူများ ရှိနေတော့မှ, သူမက သူမရန်သူများကို မကြီးထွားခင် ဖြုတ်ချပစ်ရမည်မဟုတ်လော။