၄၅၂။ တိုက်ပွဲ တောအုပ်-၂
ဂျန်ဝုရှီ ပြောသလို ကျောက်ချူ လုပ်သည်။ ၎င်းဆေးမှုန့်ဖြင့် သုတ်လိမ်းပြီးနောက် ကြွေပုလင်းကို လှည့်ပတ်ပေးသည်။ လူတိုင်း ထိုသို့ လုပ်ဆောင်ကြသည်။
ထို့နောက် ဂျန်ဝုရှီက သစ်ကိုင်းကြီးပေါ်တွင် လှဲချသည်။ ကြောင်နက်လေးက သူမခေါင်းဘက်တွင် ရှိသည်။ သူက အမြီးတယမ်းယမ်း လုပ်နေ၏။
ညောင်
(ဒီတောအုပ်က အဲနေရာနဲ့ အတော် တူတာပဲ။)
ဂျန်ဝုရှီက ပြန်သတိရသဖြင့် မျက်မှောင်ကုတ်သွား၏။ သူမ၏ အတိတ်ဘဝတွင် ဆယ်နှစ်ကျော်ကျော် ထိုမိစ္ဆာ၏ သားရဲတွင်းမှာ နေခဲ့ရသည်။ တောအုပ်ထူထူ၏ အလယ်မှာ ဖြစ်သည်။ သည်လို တောအုပ်မျိုးပင်။ ပတ်ချာလည်က တိတ်ဆိတ်နေသော နေရာမသိ တောအုပ်အလယ် ဖြစ်သည်။
အတိတ်ကို ပြန်လည် မတမ်းတချင်တော့သဖြင့် သူမ မျက်လုံးမှိတ်၍ အိပ်လိုက်သည်။
မနက်ဝေလီဝေလင်းအချိန်တွင် အော်ဟစ်ပြေးလွှားသံများ ထွက်ပေါ်လာသည်။ သစ်ပင်ပေါ်တွင် အိပ်နေသော သူတို့အုပ်စု အလန့်တကြား နိုးထလာရသည်။
အော်ဟစ်ပြေးလွှားသံများက နီးသထက် နီးလာ၏။ သစ်ရွက်များ တဖြောင်းဖြောင်း မြည်သံများကိုပါ ကြားလာရသည်။
လိပ်ပြာသားရဲတွေလားဖေးယန်က ရုတ်တရက် ထထိုင်၏။ နားကွဲလုမတတ် ဟိန်းဟောက်သံများ သူတို့ နားထဲ တိုးဝင်လာသည်။
ဖန်ဂျင်က သူ့သစ်ကိုင်းတွင် မတ်မတ် ထိုင်နေ၏။ သူ့မျက်နှာက မျက်မှောင်ကုတ်နေသဖြင့် တွန့်ရှုံ့နေသည်။ ငါတို့ တောအုပ်အစွန် အဖျားမှာပဲ ရှိသေးပါတယ်၊ ဒီပတ်ဝန်းကျင်မှာ အဆင့်မြင့် လိပ်ပြာ သားရဲတွေ မရှိကြပါဘူး။
ဖန်ဂျင် စကားဆုံးပြီးနောက် စုတ်ပြတ်သတ်နေသော လူရိပ်များ ပေါင်းပင်များကြားမှ အပြေးအလွှားတိုးထွက်လာတာကို တွေ့မြင်ကြ ရသည်။ အရေအတွက်အားဖြင့် ၁၇ယောက် ဖြစ်သည်။ သူတို့ လေညင်းကျောင်းတော် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုခဏမှာ သူတို့၏ ခံ့ညားသော အသွင်အပြင်များ ပျောက်ဆုံးသွားကြလေပြီ။ သူတို့မျက်နှာများမှာ ဖုန်များ ကပ်ငြိနေကြပြီး အဝတ်များ စုတ်ပြဲကာ တချို့က ဒဏ်ရာများဖြင့် သွေးအလိမ်းလိမ်း ပေကျံနေကြသည်။ ဝတ်စုံများက သွေးများပေကျံကာ နီရဲနေကြသည်။ သို့သော် သူတို့ အသက်ရှင်သန်ရေးအတွက် ပြေးလွှားနေကြရသဖြင့် သူတို့ ဒဏ်ရာများကို သတိပြုမိပုံ မရကြသေးချေ။