၂၀၉။ "တိုက်ခိုက်ရေးသမား ကြာပန်း - ၂"

1.3K 94 0
                                    

၂၀၉။ “တိုက်ခိုက်ရေးသမား ကြာပန်း - ၂”

ကြောင်နက်လေးက အသွင်ပြောင်းလိုက်လျှင် မည်မျှလောက် သန်မာသလဲဆိုတာကို ဂျန်ဝုရှီ သိသည်။ အထူးသဖြင့် ရွှေခြင်္သေ့ကို ဝါးမျိုပြီးကတည်းက ဖြစ်သည်။ သူ့စွမ်းအားများက တိုးတက်လာခဲ့သည်။ သို့သော်လည်း အမူးသမားကြာပန်းက ကြောင်နက်လေးကို ဖိနှိပ်နိုင်ခဲ့သည်။ ကြောင်နက်လေးက ကူကယ်ရာမဲ့ရသည်။

ကြာပန်းလေးက တခြားနည်းလမ်းမှာသာ အသုံးဝင်ပြီး တိုက်ခိုက်ရေးမှာ သခင်မဖြစ်သည့် သူမလောက် စွမ်းအားမရှိဟူ၍ ဂျန်ဝုရှီက အမြဲတမ်း တွေးတောခဲ့သည်။ သို့သော် ကနေ့ အဖြစ်အပျက်ကို ကြည့်ပြီး ထိုသုံးသပ်ချက်ကို ပြန်ပြင်ချိန်တန်လေပြီ။

“နင် တိုက်ခိုက်နိုင်တာလား”ဂျန်ဝုရှီက မျက်လုံးများကို မှေးပြီး မျက်နှာနီရဲနေသည့် ကြာပန်းကို မေးသည်။

အမူးသမား ကြာပန်းက ကြောင်နက်လေးနှင့် ဆိုလျှင် မာနထောင်လွှားပြီး တစ်ကိုယ်ကောင်းဆန်ဆန် နေတတ်သော်လည်း ဂျန်ဝုရှီ ရှေ့မှာတော့ နှိမ့်ချကာ ကျိုးနွံသွားရသည်။ သူက ပြေပြေပြစ်ပြစ် ပြန်ပြောသည် “ငါ အဲကြောင်ကို အသာလေး တိုက်နိုင်တယ်။”

“အရင်နဲ့ အခုက အတော်ကြီး ကွာခြားသွားတာပဲ” ဂျန်ဝုရှီက မှတ်ချက်ပေးသည်။

ကြာပန်းလေးနှင့် အမူးသမား ကြာပန်းက သူတို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ တခြားစီ ဖြစ်နေသည်။

“ဆီးနှင်းကြာပန်းက ဝိုင်ကောင်းကောင်းမှာ သဘာဝအလျောက် ရှင်သန်ကြီးထွားကြတယ်၊ ဝိုင်ကောင်းကောင်းရရင် အားရှိသွားကြတယ်၊ ငါ့စွမ်းအားတွေက ဝိုင်မသောက်ရရင် မသိသာတော့ဘူး” အမူးသမား ကြာပန်းက မျက်နှာစူပုတ်ပုတ်ဖြင့် ပြောသည်။ သည်လို အဖြစ်မျိုးသာ မရှိလျှင် ထိုကြောင်ရမ်းကား၏ အမြဲတမ်း အနိုင်ကျင့်ခြင်းကို ခံရမည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora