၈၅၈။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၁)

245 19 0
                                    

၈၅၈။ အကြောင်းမဲ့ နှိပ်စက်ခြင်း (၁)

ဒုတိယနေ့ ညတွင် ကျောက်ချူက အကျဉ်းထောင်ထဲ လျှိုဝင်ပြီး ဂျန်ဝုရှီနှင့် တွေ့သည်။

မင်း တကယ်ပဲ ဒီနေရာမှာ သက်သောင့်သက်သာနဲ့ ပျော်ပျော်နေနေရတာပဲ၊ အပြင်ဘက်မှာတော့ ကိစ္စရပ်တွေက ပေါက်ကွဲထွက်တော့မတတ်ပဲ၊ မင်းကတော့ ဒီမှာ ဘာမှ လုပ်စရာမရှိဘဲ အေးအေးသက်သာပဲ အလား။ ကြောင်နက်လေး၏ အမွှေးနုလေးများကို လက်ချောင်းများဖြင့် ပွတ်သပ်လျက် တည်ငြိမ်အေးဆေးစွာ ထိုင်နေသော ဂျန်ဝုရှီကို တွေ့ရလျှင် ကျောက်ချူက မစနောက်ဘဲ မနေနိုင်တော့ပေ။

ဂျန်ဝုရှီက အနည်းငယ် ခေါင်းမော့ကြည့်၍ ကျောက်ချူကို မေးလိုက်သည် အပြင်ဘက်မှာ ဘယ်လိုတဲ့လဲ။

အဲနေ့ မင်း လေ့ချန်နဲ့ အတူ ချူလင်းယွဲ့ကို သွားကြည့်ပြီးတဲ့နောက် ချူလင်းယွဲ့ အခြေနေက တဟုန်ထိုး တိုးတက်လာတယ်၊ ဒါပေမဲ့ ကနေ့ မနက်အစောပိုင်းမှာတော့, သူမဒဏ်ရာတွေက ရုတ်တရက် ပြန် ဆိုးလာတယ်၊ သူမ မေ့မြောနေရင်းနဲ့ သွေးအန်နေတုန်းပဲ၊ အဲမှာ ရှိတဲ့ သမားတော်အုပ်စုကတော့ သွေးရူးသွေးတန်းတွေ ဖြစ်ကုန်တာပေါ့။

နန်းတွင်းသမားတော်ကြီး လီကတော့ စိတ်ဆိုးဒေါသထွက်ပြီး မျိုးရိုးနာမည် ဂျန်လို့ ခေါ်တဲ့ မမလေးလုပ်လို့ ဒီလို ဖြစ်ရတာ, ဂျန်မမလေးက လူတွေကို လိမ်ညာလှည့်စားသွားတာဆိုပြီး ပြောနေတယ်လေ၊ သူက လေ့ချန်ကိုတောင် အလွတ်မပေးဘဲ အကြီးအကျယ် အပြစ်ဖို့ခဲ့တယ်။

အဲဒီ ဂျန်းယင်းလောင်ဆိုတဲ့ လူလည်း သနားစရာကောင်းလောက်အောင် မာန်မဲခံနေရတယ်၊ အိမ်ရှေ့စံ နောက်တစ်ကြိမ် အဲကို သွားတော့, သူ တံခါးဝမှာတင် အတားခံလိုက်ရတယ်၊ ကြည့်ရတာ မင်းရဲ့ မနေ့က လုပ်ဆောင်ချက်က ကျရှုံးသွားရုံတင် မကဘဲ, လေ့ချန်ကိုတောင် ပိုပြီး မုန်းတီးသွားစေခဲ့တဲ့ ပုံပဲ။

ကျောက်ချူက ဒီစကားများကို အရေးမပါသလို ပြောလိုက်သည်။ ၎င်းအချက်အလက်များကို မနေ့က ဖေးယန် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှု၍ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည့် သတင်းအချက်အလက်များ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ