၅၆၄။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၃
ဒီတစ်ခါ ဆေးလုံးတွေက အရင်က အဲဆေးတွေနဲ့ ကွဲပြားတယ် ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။ သူမက ရေအေးတစ်အိုးလုံး ကျောက်ချူဘက်သို့ ထိုးပေးသည်။
လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ရှေ့တွင် သူမမှာ ရွေးချယ်စရာ မရှိသဖြင့် ထိုဆေးများကို ထုတ်ယူလိုက်ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သွေးပြန်ကြော သွေးလွှတ်ကြောများကို တိုးတက်ပြုပြင်နိုင်သော ၎င်းဆေးများကို သူမ ထုတ်ယူလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ အဲဆေးတွေတုန်းကလည်း တန်ဖိုး မနည်းမနော ရခဲ့တာပဲ မဟုတ်ဘူးလား၊ အခု ဆေး၇ပုလင်းလည်း အနည်းဆုံးတော့ တစ်သိန်းလောက် ရမှာပေါ့၊ မရနိုင်ဘူးလား ကျောက်ချူက ခေါင်းကုတ်၍ မေးသည်။ သူ အနည်းငယ် မသေချာသလို ခံစားနေရသည်။
ဂျန်ဝုရှီက သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည် အဲဆေးတွေကို ပုလင်းလိုက် ရောင်းမယ်လို့ ဘယ်သူ ပြောလို့လဲ။
ဟမ် ကျောက်ချူ ပိုမို၍ ခေါင်းရှုပ်သွားသည်။
ဟွာယောင်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ကျောက်ချူ ထုံထုံအအ ဖြစ်နေတာကို သူ ကြာရှည် မကြည့်ရက်တော့ပေ။
ရှီလေး ဒီတစ်ကြိမ် ငါ့ကို ပေးထားတာ ဆေး ၇ပုလင်း၊ တစ်ပုလင်းစီမှာ ဆေးလုံး ငါးလုံးစီ ပါတယ်၊ ငါ ဟဲချန်လီနဲ့ ဆွေးနွေးထားတယ်၊ ဆေးတစ်ပုလင်းချင်းစီကို လေလံတင်မယ်၊ ပြီးတော့ တစ်လုံးချင်းစီပေါ့။
ကျောက်ချူ မရေမရာ ခေါင်းညိတ်လိုက်သည်။ အတော်ကြာအောင် တစိမ့်စိမ့် စဉ်းစားပြီးနောက် သူ မေးခွန်းတစ်ခုသာ မေးနိုင်သည်။
ဒါဆို ငါတို့ ပိုက်ဆံ အများကြီး ဝင်မှာပေါ့။
..... ဟွာယောင်းက ကျောက်ချူကို လုံးလုံး အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် စဉ်းစားဉာဏ် ချို့ယွင်းပြီး ထုံအသော သူနှင့် လေကုန်မခံဖို့ ဆုံးဖြတ်လိုက်သည်။
ကျောက်ချူက သူ့နှာခေါင်းကို ပွတ်၍ ရှက်ရှက်ဖြင့် နောက်သို့ တွန့်လိုက်သည်။ ရုတ်တရက် သူ ရေသောက်ချင်စိတ် ပေါ်လာလေ၏။