၈၈၃။ နန်းတွင်းညစာစားပွဲ(၂)

209 20 0
                                    

၈၈၃။ နန်းတွင်းညစာစားပွဲ(၂)

ဂျန်ဝုရှီက လေ့ချန်ကို အသာအယာ ခေါင်းညိတ်ပြသည်။ သူမမျက်နှာမှာ အပြုံးမရှိသော်ငြား ဒါက ယဉ်ကျေးသော အမူအရာပင် ဖြစ်သည်။

ဂျန်ဝုရှီ၏ တုံ့ပြန်မှုက လေ့ဖန်အား နောက်တစ်ဆင့် ဒေါသဆူပွက်သွားစေသည်။ သူ့နှလုံးသားထဲမှ ‌ဒေါသကို နှိပ်ကွပ်ဖို့ သူ ကြိုးစားတိုက်ခိုက်လိုက်ရသည်။ သူ့မျက်နှာကတော့ အပြုံးမပျက်ပေ။

ချူလင်းယွဲ့ကိစ္စမှာ မထင်မှတ်ထားသော အဖြစ်အပျက်သာ မဖြစ်ခဲ့လျှင်, ဂျန်ရှီက အခုလောက်ဆိုလျှင် သူနှင့် အရင်းနှီးဆုံးသော လက်ထောက် ဖြစ်နေလောက်ပြီ။ လေ့ချန်က ဂျန်ရှီနှင့် မိတ်ဆွေဖြစ်ကြောင်း ဒီနေရာမှာ ပြသနေဖို့ အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။

သူက လေ့ချန်ကို ပျောက်ကွယ်သွားအောင် ကန်ကျောက်ပစ်ချင်သည်အထိ သူ့အမုန်းက ပြင်းထန်လာသည်။ သို့သော် သူက သူ့ကိုယ်သူ ဖိအားပေး၍ တည်ငြိမ်အောင် လုပ်ကာ အပြစ်ကင်းစင်သော အပြုံးကိုသာ ပြုံးထားသည်။ လေ့ဖန်က ဒေါသထိန်းထားရသဖြင့် သွေးအန်မတတ်ပင် ဖြစ်နေရသည်။

ခဏလောက် စောင့်ဆိုင်းပြီးနောက် အဆုံးတွင် ရန်တိုင်းပြည်၏ ဘုရင်ကြီးက ညစာစားပွဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာသည်။ သူက ရွှေဝါရောင်‌တောက်တောက် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ၎င်းဝတ်ရုံတွင် လက်သည်းငါးချောင်းပါ ရွှေနဂါးပုံဖြင့် တန်ဆာဆင်ထားသည်။ သူက သူ့ပလ္လင်တွင် ထိုင်ရန် ဖြည်းညင်းစွာ လျှောက်လှမ်းလာလျှင် တောက်ပသော ဝတ်စုံက လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်လာသည်။

ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို စောင်းခိုင်းသလို ဖြစ်သွားစေမိတယ်၊ ဒီနှစ် လိပ်ပြာတိုက်ပွဲက ထူးခြားတယ်၊ တိုက်ပွဲမှာ ယှဉ်ပြိုင်တဲ့ ပါရမီရှင်လူငယ်တွေကို ငါကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြည့်နိုင်ခဲ့ပေမဲ့, အကြောင်းအရာ အတော်များများကိုတော့ ငါ ကြားမိတယ်၊ ကနေ့ည, မင်းတို့အားလုံးကို ဂုဏ်ပြုချီးချူးဖို့ ဖိတ်မံလိုက်တာ, မင်းတို့အားလုံး ဒီကုန်းမြေတစ်ခွင်မှာ ‌အောင်မြင်မှုတွေ ဆက်တိုက် ရပါစေ, နာမည်ကျော်ကြားပါစေ, မင်းတို့နေရာတွေမှာ အောင်မြင်ပေါက်မြောက်ကြပါစေလို့ ငါ ဆုတောင်းပေးလိုတယ် ဘုရင်ကြီးက နူးညံ့ပျော့ပျောင်းသော အပြုံးဖြင့် ပြောသည်။ သူက အရက်ခွက်ကို ကောက်ကိုင်၍ မြှောက်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora