၈၆၂။ သားရဲမြို့တော်မှ ဧည့်သည်များ (၁)
ငါ တွေးထားသလိုပါဘဲ ဂျန်ဝုရှီက အေးစက်စက် ရယ်လိုက်သည်။
သခင်လေး ဂျန်, ငါ့ကို ချမ်းသာပေးပါ၊ ငါတို့က အမိန့်အတိုင်း လိုက်လုပ်ရတာပါ ထောင်မှူးက ဒူးထောက် တောင်းပန်သည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် သူ ဂရုမစိုက်အားပေ။
ပါးစပ်ဟလိုက် ဂျန်ဝုရှီက ပြောလိုက်သည်။
ထောင်မှူးက အံ့အားသင့်၍ တုံ့ခနဲ ရပ်သွားသည်။ အနက်ရောင် သားရဲကြီးက ခပ်အုပ်အုပ် ဟိန်းဟောက်လိုက်သည်။ ထောင်မှူးက ချက်ချင်းပင် ပါးစပ်ကျယ်ကျယ် ဟလိုက်သည်။ ဂျန်ဝုရှီက အသာအယာပင် ဆေးလုံးတစ်လုံးကို ထောင်မှူးပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထောင်မှူးက တုန်လှုပ်ချောက်ချားစွာ မျိုချလိုက်သည်။
သူ့ပါးစပ်ကို ဆွဲဟလိုက် ဂျန်ဝုရှီက သတိလစ်လျက် မြေပြင်ပေါ် ပုံလျက်သား လဲကျနေသော ထောင်မှူးကို ကြည့်ပြီး ပြောလိုက်သည်။ ထိုလူက ချက်ချင်းပင် သူ့အဖော်၏ ပါးစပ်ကို ဆွဲဟပေးလိုက်သည်။ ဂျန်ဝုရှီက နောက်ထပ် ဆေးတစ်လုံးကို ပစ်ထည့်လိုက်သည်။
မင်းတို့ အသက်ရှင်ချင်ရင်, မင်းတို့ ပါးစပ်တွေ ကောင်းကောင်း ပိတ်ထားကြ၊ နှစ်ရက်ကြာပြီးရင်, မင်းတို့ကို ဖြေဆေးပေးမယ် ဂျန်ဝုရှီက အေးစက်စွာ ပြောလိုက်သည်။
ထောင်မှူးက အသဲအသန် ခေါင်းညိတ်လိုက်သည်။
ထွက်သွားတော့ ဂျန်ဝုရှီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ထောင်မှူးက သူ့အဖော်ကို ချီပိုး၍ အကျဉ်းထောင်မှ ထွက်သွားသည်။
ထောင်မှူးများ ထွက်သွားပြီးနောက် ကျောက်ချူက ထုပ်တန်းမှ ခုန်ဆင်းလာသည်။
ဘာမှ မဟုတ်ဘဲ ငါ စိုးရိမ်ပူပန်သွားတာနဲ့ တူတယ်၊ ငါးသန်လေးတွေနဲ့ ရင်ဆိုင်ဖို့ မင်းက စွမ်းအား စိုက်ထုတ်စရာတောင် မလိုဘူး။ ကျောက်ချူက သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့ခြင်းကို ပြန်စဉ်းစားလိုက်လျှင် သူ့ကိုယ်သူ အတော်လေး အဆင်ခြင် ကင်းမဲ့သွားမှန်း ခံစားမိလိုက်သည်။ ဂျန်ဝုရှီက နိမ့်ကျသော ထောင်မှူးလေး နှစ်ယောက်ကို မဖြေရှင်းနိုင်ဘူးဆိုလျှင်, ဒါကမှ ထူးခြားဆန်းကြယ်နေအုံးမည်။