၄၅၃။ "တိုက်ပွဲ တောအုပ်-၃"

535 43 0
                                    

၄၅၃။ တိုက်ပွဲ တောအုပ်-၃

ငါ... ငါ တကယ် နောက်ထပ် မလှမ်းနိုင်တော့ဘူး လီဇီမုက ငိုမဲ့မဲ့ဖြင့် ပြောသည်။ သူ့မျက်နှာက ကြေကွဲနေသည်။ သူ့ခြေထောက်များ ကျိုးကြေနေသလို သူ ခံစားနေရ၏။

တခြားလူငယ်များ အားလုံးလည်း ဖရိုဖရဲ လဲပြိုနေကြသည်။ ခွေးအများ သူတို့နောက်သို့ ဇွဲမလျှော့ဘဲ လိုက်နေတာ ညတစ်ဝက် ရှိနေလေပြီ။ မှောင်မဲနေသော အချိန် ထူထပ်သော တောအုပ်မှာ သူတို့ လမ်းကြောင်းတောက်လျှောက် တိုက်ခိုက်ခံခဲ့ရသည်။ လွတ်လမ်းကို ရှာဖွေရင်း ဘေးတစ်ဖက်တစ်ချက်မှ ခွေးအများ တိုက်ခိုက်လာတာကို ရှောင်ဖယ်လာခဲ့ရသည်။ သူတို့အားလုံး ခန္ဓာကိုယ်အင်အား, စိတ်အင်အား နှစ်ခုလုံး အဆုံးသတ်သို့ ရောက်နေလေပြီ။

ခွီး ခွေးအတစ်ကောင်က လွန်စွာ မောပန်းတကြီး အသက်ရှူနေရဆဲ ဖြစ်သော လီဇီမုထံ ခုန်အုပ်သည်။ လီဇီမု မျက်နှာမှ သွေးများ ခန်းခြောက်သွားပြီး ကြောက်လန့်သဖြင့် မြေပြင်ပေါ် ပက်လက်လဲကျသွားလေ၏။ သူ လဲကျသွားစဉ် ကိုင်မိကိုင်ရာ ကျောက်တုံးကို ကိုင်၍ ခုန်အုပ်လာသော ခွေးအကို ထုလိုက်သည်။

ခွေးအက အလွန်ပင် သွက်လက် လျင်မြန်သည်။ လီဇီမု ပစ်ပေါက်လိုက်တိုင်းသော အရာများကို အသာအယာ ရှောင်ဖယ်သွားသည်။ ၎င်းခွေးအမျက်လုံးများက သူ ခုန်အုပ်မည့် လူငယ်ကို အာသာငမ်းငမ်း ဖြစ်နေ၏။

လီဇီမုက အသံကုန် အော်ဟစ်၍ လက်ထဲ ရောက်လာသော အရာမှန်သမျှဖြင့် ပစ်ပေါက်နေစဉ် အေးစက်ပြီး လုံးဝိုင်းသော အရာကို သူ ကိုင်မိသွားသည်။ သူက အလိုလို တုံ့ပြန်သောအားဖြင့် ၎င်းအရာဖြင့် ခွေးအကို ပစ်ပေါက်လိုက်သည်။

ခြေမြန်သော ခွေးအကလည်း ရှောင်ဖယ်သွားသည်။ နာမည်မရှိသော အဖြူရောင် အရာဝတ္ထုက မြေပြင်ပေါ် ကျ၍ အစိတ်စိတ်အမွှာမွှာ ကွဲကျေသွား၏။ ထိုစဉ် အဖြူရောင် အမှုန့်များက လေအဝှေ့တွင် ပျံ့နှံ့သွားသည်။

အဖြူရောင် အမှုန့်များ ပျံ့နှံ့သွားလျှင် ၎င်း၏ အနံ့ကို အလွန်မာန်ဖီနေသော ခွေးအက အနံ့ရသော် ရုတ်တရက် တအီအီ အော်မြည်လေ၏။ ခွေးအက ရှေ့မတိုးတော့ဘဲ ရပ်သွားကာ အမြီးကုပ်၍ ရုတ်တရက် လှည့်ပြေးလေ၏။ ၎င်း၏ အနံ့က တခြားခွေးအများထံ ရောက်ရှိသွားလျှင် ၎င်းခွေးအများလည်း တအီအီ အော်မြည်လျက် အမြီးကုပ်၍ ထွက်ပြေးကြလေ၏။ ခွေးအများ မြင်ကွင်းမှ အလျင်အမြန် ကွယ်ပျောက်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz