၉၃၄။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၄)

210 15 0
                                    

၉၃၄။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၄)

လေ့ရှီက ထိုအချိန်တုန်းက အလွန်ငယ်ရွယ်သည်။ ဥယျာဉ်ထဲရှိ တောင်အသေးစားလေး၏ နောက်ကွယ်မှာ ပုန်းအောင်းနေခဲ့သည်။ ထိုစဉ် မိန်းမစိုးများက သူ့မယ်တော်ကို ကြိုးတုပ်၍ အနောက်ဘက်သို့ ဆွဲခေါ်လာတာကို တွေ့လိုက်သည်။ မိဖုရားကြီးနှင့် သူမ၏ အစောင့်အမျိုးသမီးက နောက်ဘက်မှ လိုက်ပါလာခဲ့သည်။

အစောင့်အမျိုးသမီး၏ လက်မောင်းထဲမှာ သွေးများပေကျံနေသော နို့စို့ကလေးလေး ရှိနေသည်။

၎င်းနို့စို့ကလေးလေးက ခုမှ မိဖုရားကြီး၏ နန်းဆောင်သို့ ခေါ်ယူလာခဲ့သော စတုတ္ထမင်းသားလေး, လေ့ဖန် ဖြစ်သည်။ လေ့ရှီက သူ့မယ်တော်အား ကြိုးတုပ်ထားတာကို မြင်ရလျှင်, မကြောက်မလန့်ဖြင့် အပြေးအလွှား ထွက်ကယ်တင်ချင်ခဲ့သည်။ သို့သော် သူ့လို မင်းသားသေးသေးလေးက ဘာမှ စွမ်းဆောင်နိုင်မှာ မဟုတ်မှန်း သဘောပေါက်၍ ကြောက်လန့်ခြင်းကို ဖိနှိပ်၍ ဆက်လက် ပုန်းအောင်းနေခဲ့ရသည်။

သူ့မျက်စိရှေ့မှာတင်, သူ့မယ်တော်က မိန်းမစိုးတစ်ယောက်၏ ကြိုးဖြင့် လည်ညှစ်သတ်တာကို ခံလိုက်ရသည်။ နောက်ဆုံးတွင် သူ့မယ်တော်၏ သက်မဲ့ကိုယ်ကို ကျောက်တုံးဖြင့် တွဲချည်ပြီး စတုတ္ထမင်းသားလေးနှင့် အတူတူ ခြံနောက်ဘက်ရှိ လီလီရေကန်ထဲသို့ ပစ်ချလိုက်ကြသည်။

သားတော်က မယ်တော့်အတွက် လက်စားချေဖို့ စွမ်းရည် မရှိဘူးဆိုတာကို သိပါတယ်၊ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို ဆက်လက် မဖုံးကွယ်ထားချင်ပါဘူး၊ သားတော်က အခွင့်အခါကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တာပါ၊ မိုးကောင်းကင်ကြီးက သူ့မျက်လုံးကို ဖွင့်ကြည့်တဲ့ နေ့ကို သားတော် စောင့်ဆိုင်းနေခဲ့တာပါ၊ သူ့မယ်တော်နဲ့ သူ့ညီတော်အတွက် လက်စားချေဖို့ပါ၊ အဲနေ့က ကနေ့ပါဘဲ၊ သားတော်က ကနေ့လို နေ့မျိုးကို စောင့်နေခဲ့ရတာပါ လေ့ရှီ၏ မျက်နှာက နာကျင်ဝမ်းနည်းခြင်းဖြင့် ဖြေမဆည်နိုင် ဖြစ်နေသည်။ သူက ဒီလောက် ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်လော။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now